5.4.2015
လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးသည် ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ရှေ့တန်းအစိုးရစစ်ကြောင်းထံသို့ လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။...
'
ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အလင်းဝင်ရောက်လာသူ တပ်ဖွဲ့ဝင်တစ်ဦးမှာ တပ်သားအဆင့်ရှိကျားပေါင်၊ပလောင်လူမျိုး၊ကျားယေကျေးရွာတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ၎င်းနှင့်အတူ အမ်(၂၂) ၁လက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်ပြီး တရုတ်လက်ပစ်ဗုံး(၃)လုံးတို့ပါရှိကြောင်း သိရှိရသည်။
“ကျွန်တော့် သူဌေးက ဒီနေရာကို ကြံခုတ်ဖို့ဆိုပြီး ခေါ်လာတာ။ အဲ့ဒီကတည်းက လူသစ်စုဆောင်းခံလိုက်ရတာ။ သူဌေးက ကိုးကန့်အဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်မယ်ထင်တယ်။
သူ့နာမည်က ရန်လင်းဟုန် လို့ခေါ်တယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း ကျောက်ဆောင်တွေ ကြားက ဘန်ကာကျင်းတွေထဲမှာ နေရတယ်။ ကျွန်တော်တို့စခန်း က ရေရှားလွန်းလို့ ထမင်းမစားရတာ ၃ ရက်လောက်ရှိပြီ။ အစိုးရတပ်မတော်စစ်ကြောင်းတွေ အောက်ဘက်မှာ ရှိတယ်ဆိုတာ သိရလို့ ကျွန်တော်လာပြီး အလင်းဝင်တာပါ” ဟု အလင်းဝင်ရောက်လာသူ ကျားပေါင်က ပြောသည်။
အစိုးရတပ်မတော်စစ်ကြောင်းမှ အတင်းအကြပ်စုဆောင်းခံရသူများနှင့် တိုက်ပွဲဆက်လက်မဖြစ်လိုသော ကိုးကန့်အဖွဲ့များအား အလင်းဝင်နိုင်ရန် ကြေညာချက်ထုတ်ပြန်ထားခြင်းကို သိရှိရသဖြင့် ၎င်းစခန်းနှင့် အနီးတစ်ဝိုက်ရှိ တပ်မတော်စစ်ကြောင်းထံ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ရှိတဲ့နေရာကို သူက လက်နက်နဲ့အလင်း ၀င်လာတာပါ။ အလင်းဝင်ချင်တာလို့ ပြောတယ်။ စခန်းမှာလည်း ထမင်းမစားရတာ ၃ ရက်လောက်ရှိပြီမို့ ထမင်းကျွေးဖို့ပြောတယ်။ စခန်းထဲက တချို့လူတွေလည်း အလင်းဝင်ချင်တဲ့သူတွေရှိတယ်။ တပ်မတော်ကနေ အလင်းဝင်ဖို့ ကြေညာချက်ထုတ်ထားတာ သူတို့အဖွဲ့တွေ တွေ့တဲ့အတွက် ဒါကြောင့် အလင်းလာဝင်တာလို့ ပြောပါတယ်” ဟု ရှေ့တန်းစခန်းရှိ တပ်မတော်အရာရှိတစ်ဦးမှ ဆိုသည်။
လောက်ကိုင်ဒေသအတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ ဒေသခံများအား အတင်းအကြပ်ဖမ်းဆီးက ယူနီဖောင်းဝတ်ဆင်ပေးပြီး တိုက်ပွဲများဝင်ရောက်စေခြင်းကြောင့် တပ်မတော်မှ အလင်းဝင် ရောက်လိုသော ကိုးကန့်တပ်ဖွဲ့ဝင်များ အနေဖြင့် ကြေညာချက်များထုတ်ပြန်ကာ ဆက်သွယ်ရန်ဖုန်းနံပါတ်များပါ ထည့်သွင်း ပေးထားကြောင်း ၎င်းအရာရှိမှ ဆက်လက်ပြောကြားသည်။'
ယန်ဝေလျှံ(လောက်ကိုင်)

No comments:
Post a Comment