Thursday, April 23, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ရန်ကုန်-ဧပြီ ၂၃

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr, Yang Houlan အား ၂၀၁၅ခုနှစ် ဧပြီ ၂၃ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ အင်းယားလမ်း၊ အမှတ်(၅၉)ရှိ လွှတ်တော်ရုံးခွဲ(ရန်ကုန်) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment