ပြည့်ဖြိုးနိုင်
ဂျာကာတာ ဧပြီ ၂၃
တရုတ်သမ္မတရှီကျင့်ဖျင်သည် ယမန်နေ့က အင်ဒိုနီးရှားနိုင်ငံဂျကာ တာမြို့၌နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့်တွေ့ဆုံခဲ့ရာ၌ တရုတ်နိုင်ငံအနေ ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အတူ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ဆိုင်သောအကြောင်းအရာများကို နိုင်ငံရေးအရအဖြေရှာရေးနှင့် နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေးတို့ကို ထောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်းဆင်ဟွာသတင်း ဌာနကဖော်ပြသည်။
အာရှ-အာဖရိက ထိပ်သီး ညီလာခံ တက်ရောက်စဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံခဲ့ရာ၌ တရုတ်သမ္မတရှီကျင့်ဖျင် က မြန်မာနိုင်ငံတွင် ဖော်ဆောင် လျက်ရှိသော ငြိမ်းချမ်းရေးတည် ဆောက်မှုလုပ်ငန်းစဉ်များ၏ ဖြစ် ပေါ်တိုးတက်မှုအသစ်များကို ဆော လျင်စွာဖြစ်ပေါ်ရန် တရုတ်ဘက်မှ မျှော်လင့်ကြောင်းကိုအလေးအနက် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပြည်သူများလုံခြုံ စိတ်ချရမှုရှိရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးဖြစ်စဉ်များ ဖြစ်ပေါ်စေ ရန်ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးဆွေးနွေးပွဲများနှင့် ဒေသ တွင်းပြန်လည်တည်ထောင်ရေးလုပ် ငန်းစဉ်များဆောင်ရွက်နိုင်ရန် အရှိန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်းပြော သည်။
တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ ရာ၌နှစ်နိုင်ငံခေါင်းဆောင်တို့သည် နှစ်နိုင်ငံကြား ရင်းနှီးချစ်ကြည် သောဆက်ဆံရေးမျိုးကို ဦးစားပေး ဖန်တီးရန်နှင့်အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုအခြေခိုင်ရန် ဆောင် ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂ဝ၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံ သို့နှစ်ကြိမ်လာရောက်ခဲ့သော နိုင်ငံ တော်သမ္မတဦးသိန်းစိန်၏ ချစ် ကြည်ရေးခရီးစဉ်များကြောင့် နှစ် နိုင်ငံကြားတွင် ကျယ်ပြန့်သော မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို အများပြည်သူ ဆန္ဒနှင့်အညီအဆင့်မြှင့်တင်နိုင်မည့် အခြေအနေသို့ရောက်ရှိခဲ့ကြောင်း၊ နှစ်နိုင်ငံလုံးအနေဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများပိုမိုကောင်း မွန်စေမည့်အခြေအနေများ ဖန်တီး နိုင်ရန် ဦးစားပေးဆောင်ရွက်မည် ဟုမျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ကိုမဟာဗျူဟာမြောက်တန်ဖိုးထား သည့်အပြင်ရေရှည်သဘောဆောင် ရေးအတွက်ပါဦးစားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ နှင့်အဆင့်မြှင့်ပူးပေါင်းဆောင်ရွက် မှုများလုပ်ဆောင်နိုင်ရေးကို ထိန်း သိမ်းသွားမည်ဖြစ်ကြောင်း၊ဘင်္ဂလား ဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွား ရေးစင်္ကြံနှင့် ပိုးလမ်းမသစ်စီမံကိန်း များအတွကမြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက် မှုများနှင့်ထောက်ခံအားပေးမှုများ ကိုကြိုဆိုကြောင်း၊ အဆိုပါစီမံကိန်း များနှင့်ဆက်စပ်သော မူဘောင်များ အောက်တွင် စိုက်ပျိုးရေး၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး၊ ဘဏ္ဍာ ရေးတို့ကဲ့သို့ ကဏ္ဍများကိုဦးစား ပေးဖော်ဆောင်ကာ ဆက်စပ်စီမံ ကိန်းများကိုလည်း ဖော်ဆောင်သွား မည်ဖြစ်ကြောင်း၊တရုတ်နိုင်ငံအနေ ဖြင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်မှု (၆၅)နှစ်ပြည့် မြောက်သွားခြင်းအထိမ်းအမှတ် အဖြစ် ယဉ်ကျေးမှုဖလှယ်ရေး၊ ပညာရေး၊ လူငယ်များပြုစုပျိုး ထောင်ရေး၊ မီဒီယာကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး စသည့်ကဏ္ဍများ ၌ အခွင့်အလမ်းသစ်များဖန်တီး နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည့် အပြင် မြန်မာနိုင်ငံတွင် စီးပွားရေး နှင့်လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက် ရေးအတွက်လိုအပ်သည့်အကူအညီ များပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန် က မြန်မာနိုင်ငံအပေါ် ကဏ္ဍအသီး သီး၌ တရုတ်နိုင်ငံက ကာလရှည် အကူအညီနှင့်ထောက်ခံမှုများပေး အပ်ခဲ့ခြင်းကိုကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍအသီး သီးတွင် တရုတ်နိုင်ငံနှင့် အပြန် အလှန်အကျိုးရှိစေမည့် ပူးပေါင်း ဆောင်ရွက်မှုများကို အဆင့်တိုင်း တွင် နီးကပ်စွာဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပိုးလမ်းမသစ်စီမံ ကိန်းနှင့် ဆက်စပ်စီမံကိန်းများ အတွက် အာရှအခြေခံအဆောက် အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် ၏ အစီအစဉ်များစတင်ဆောင်ရွက် နေခြင်းကို ထောက်ခံအားပေးမှု အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပိုးလမ်းမ သစ်စီမံကိန်းရန်ပုံငွေအဖြစ် မြန်မာ နိုင်ငံ၌ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများကို တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက် ရန်မျှော်လင့်ကြောင်း ပြောကြား သည်ဟုဆင်ဟွာကဖော်ပြသည်။
The Union Daily
No comments:
Post a Comment