Sunday, April 26, 2015

ခေတ်သစ်ပိုးလမ်းမများ စတင်အကောင်အထည်ဖော်လာခြင်း

ကျော်သွင်ကို


-အီရန်နိုင်ငံနှင့် နောင်တစ်ချိန်တွင် ဆက်သွယ် မည့်ပါကစ္စတန် ဂွာဒါမြို့နှင့် နာဝက်ရှာမြို့နှစ်မြို့ ကြား သဘာဝဓာတ်ငွေ့တည်ဆောက်ရေး (ကန် ဒေါ်လာ ၂ ဘီလီယံ)

-စုစုပေါင်း မဂ္ဂါဝပ် ၁၃၂ဝ ထုတ်လုပ်နိုင်မည့် ကရာချိမြို့နှင့် ပို့ကေဇင်မြို့တို့ရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှစ်ရုံ တည် ဆောက်ရေးအတွက် (ကန်ဒေါ်လာ ၂ ဘီလီယံ)

-ရာဝါလ်ပင်ဒီမြို့ရှိ မဂ္ဂါဝပ် ၇၂ဝ ထွက်ရှိ မည့် ကာရောရေအားလျှပ်စစ်စီမံကိန်း (ကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလီယံ)

-ပန်ဂျပ်ပြည်နယ် ဘာဟာဝါလ်ပါမြို့တွင် မဂ္ဂါဝပ် ၉ဝဝ ထုတ်နိုင်မည့် နေစွမ်းအင်သုံး ပရဝုဏ် (ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ)

-အစ္စလမ်မာဘက်နှင့် ဟာဘေလီရန်မြို့တို့ကို ဆက်သွယ်မည့် ကာရာကိုရန်အဝေးပြေးလမ်းမ တည်ဆောက်ရေး (ကန်ဒေါ်လာ သန်း ၉၃ဝ )

-ဆင်ဒါပြည်နယ် ဂျင်ပိုင်ရာရှိ မဂ္ဂါဝပ် ၁ဝဝ ထွက် လေအားလျှပ်စစ်စီမံကိန်း (ကန်ဒေါ်လာ သန်း ၂၆ဝ )

-ဂွာဒါအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက် ရန် (ကန်ဒေါ်လာ သန်း ၂၃ဝ )တို့သည် တရုတ် နိုင်ငံက ပါကစ္စတန် အခြေခံအဆောက်အအုံရင်းနှီး မြှုပ်နှံမှုအတွက်ပေးအပ်မည့်စီမံကိန်းနှင့် ခန့်မှန်းကုန် ကျစရိတ်များဖြစ်သည်။

ပင်လယ်ရေကြောင်းပိုးလမ်းမ (MSR) သည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်ဆိုင်ရာအခိုင်အမာ ပြောကြားမှုများက ခြိမ်းခြောက်ခံနေရသည့်အိမ်နီး ချင်းနိုင်ငံများကို ရွှေပြည်အေးဝါဒဖြင့် ဆက်ဆံသွား ရန် ရည်ရွယ်ထားသော်လည်း အလုပ်ဖြစ်လိမ့်မည် လော။

၂ဝ၁၃ ခုနှစ် အောက်တိုဘာတွင် (MSR) ဖန်တီးရေးကို အင်ဒီုနီးရှားပါလီမန်၌ ပြောကြား သည့်မိန့်ခွန်းတွင် ရှီကျင့်ဖျင်က ထည့်သွင်းပြော ကြားသည့်အချိန်မှစ၍ အရှေ့တောင်အာရှနှင့်တောင် အာရှဒေသများကို ဖြတ်မည့် လမ်းမတစ်ခုအတွက် တရုတ်နိုင်ငံမျှော်မှန်းချက်သည် တရုတ်နိုင်ငံနှင့်ထိ စပ်သည့်နယ်နိမိတ်များ၌ တရုတ်နိုင်ငံခြားရေးမူဝါဒ များ၏ သိသာသောအစိတ်အပိုင်းကို မောင်းနှင်ခဲ့ သည်။ ထိုအချက်သည် အာရှအခြေခံအဆောက် အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)နှင့် နောက်တိုးရင်း နှီးမြှုပ်နှံမှုရန်ပုံငွေဖြစ်သည့် ပင်လယ်ရေကြောင်း ပိုးလမ်းမဘဏ်ကဲ့သို့ အငြင်းပွားဖွယ်ဘဏ်နှစ်ခု စလုံးကို တည်ထောင်ခြင်းသို့ ဦးတည်သွားခဲ့သည်။အလားတူ ဒေသတွင်းနိုင်ငံများသို့ တရုတ်အစိုးရ ခေါင်းဆောင်များက အဆင့်မြင့်သံတမန်ရေးဆိုင်ရာ ခရီးစဉ်များ သွားရောက်ခြင်းသို့လည်း ဦးတည်သွား ခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ဗဟိုအာရှဒေသနိုင်ငံ များကြားတွင် ပိုးလမ်းမစီးပွားရေးပတ်လမ်းသည် စင်္ကြံလမ်းတစ်ခု လမ်းမတစ်ခုဟူ၍ တရုတ်နိုင်ငံ ကြွေးကြော်သံတွင်ဖော်ပြထားသည့်အတိုင်း ၂၁ ရာစုပင်လယ်ရေကြောင်းပိုးလမ်းမနှင့် ခွဲခြား၍မရဟု တရုတ်နိုင်ငံက ရှုမြင်သည်။ အလားတူ ပိုးလမ်းမ နှစ်ခုနှင့်သက်ဆိုင်သည့်မူဝါဒများကို ပူးတွဲမြှင့်တင် ရန် အများပြည်သူဆိုင်ရာသံခင်းတမန်ခင်းကြိုးပမ်း မှုအဖြစ်လည်း ရှုမြင်သည်။ တရုတ်နိုင်ငံခြားရေး မူဝါဒစတင်ဆောင်ရွက်မှုအများစုကဲ့သို့ပင် ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမသည် ထူးခြားထင်ရှား သည့် ရှုထောင့်များစွာပါဝင်နေသည်။ သံတမန်ရေး၊ စီးပွားရေးနှင့် မဟာဗျူဟာဆိုင်ရာရည်ရွယ်ချက်များ ကို အလုပ်အကျွေးပြုရန် ရည်ရွယ်ထားသည့်စီမံ ကိန်းလည်းဖြစ်သည်။

ပထမဆုံးအနေဖြင့် ပင်လယ်ရေကြောင်းပိုး လမ်းမသည် တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်နက်တောင်းဆိုမှုများ တရုတ်နိုင်ငံက ပြုလုပ်ခဲ့ခြင်းကြောင့် ခြိမ်းခြောက်ခံနေရသည့်အိမ် နီးချင်းနိုင်ငံများကို ရွှေပြည်အေးဝါဒဖြင့်ဆက်ဆံရန် ရည်ရွယ်ထားသည်။

စိတ်ဝင်စားဖို့ကောင်းသည့် အချက်မှာ အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများ ကြားတွင် တင်းမာမှုတိုးပွားလာအောင် တရုတ်နိုင်ငံ က ပြုလုပ်နေရင်းပင် အဆိုပါနိုင်ငံများကို နှစ်သိမ့် ကျေနပ်စေခဲ့သည်။ ထိုအချက်သည် ရန်လိုကြမ်း တမ်းသည့် အန္တရာယ်ကြီးမားသည့်မူဝါဒကို မီးကုန် ယမ်းကုန်အသုံးပြုခြင်းနှင့် သံတမန်ရေးအရ သဟ ဇာတဖြစ်စေမည့်ဆောင်ရွက်မှုတို့ကြားတွင် ရှေ့တိုး လိုက်နောက်ဆုတ်လိုက် လုပ်နေကျပုံစံမျိုးနှင့် ဆန့် ကျင်နေခဲ့သည်။

ဥပမာအားဖြင့် တရုတ်(တိုင်ပေ) နှင့်ဆက်ဆံရေး သို့မဟုတ် အမေရိကန်ပြည် ထောင်စုနှင့်စစ်ရေးအရဆက်ဆံရေး ဖြတ်တောက် လိုက်၊ ပြန်လည်ထူထောင်လိုက် ပြုလုပ်ခြင်းတို့ တွင် သတိပြုမိနိုင်သည်။

အယူအဆအတွေးအခေါ် ကို အဓိကထားသည့် အဆိုပြုချက်များဖြစ်သော ပင်လယ်ရေကြောင်းပိုးလမ်းမနှင့် ပတ်သက်ပြီး တရုတ်အစိုးရခေါင်ဆောင်များနှင့် တရုတ်မီဒီယာ များက ထုတ်ဖော်ပြောကြားလေ့ရှိသည့် ''နိုင်ငံရေး နှောင်ကြိုးများမပါသော ငြိမ်းချမ်းစွာစီးပွားရေးဖွံ့ဖြိုး တိုးတက်မှု''ဟူသည့် အပြောရှိသော်လည်း တောင် တရုတ်ပင်လယ်ပြင်အတွင်း ကျယ်ပြန့်သည့်ပင်လယ် ပိုင်နက်ကို တစ်ဖက်သတ်တောင်းဆိုမှုအား ပိုမို ခိုင်မာအားကောင်းလာစေရန် မလျှော့သောဇွဲဖြင့် ဆက်လက်လုပ်ဆောင်နေသည်။ သန္တာကျောက် တန်းများနှင့် အခြားပင်လယ်ရေအောက်အခင်း အကျင်းများကို တင်းပြည့်ကျပ်ပြည့်ကျွန်းများဖြစ် အောင် အသွင်ပြောင်းလဲတည်ဆောက်လျက်ရှိသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အသုံးပြုနိုင်မည့် လေယာဉ်ကွင်းများကိုလည်း တည် ဆောက်လျက်ရှိသည်။
ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံနှင့်ပတ် သက်လျှင် ခပ်မဆိတ်နေကာ ချစ်ကြည်ရင်းနှီးမှု ရှိသည့်နိုင်ငံများဖြစ်သော မလေးရှား၊ ကမ္ဘောဒီး ယား၊ သီရိလင်္ကာ၊ ပါကစ္စတန်နိုင်ငံများနှင့် ဆက် ဆံရေးခိုင်မာလာစေရန်လည်း ပင်လယ်ရေကြောင်း ပိုးလမ်းမကိုတည်ဆောက်ရန်ရည်ရွယ်သည်။ ထို ရည်ရွယ်ချက်ကို အထမြောက်အောင်ပြုလုပ်ရန် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်များကဲ့သို့ စီးပွားရေးမက်လုံးများ ဖြင့် အဓိကလုပ်ဆောင်သွားမည်ဖြစ်သည်။ သဘော မှာ ပင်လယ်ရေကြောင်းပိုးလမ်းမသည် ပိုးလမ်းမ စီးပွားရေးပတ်လမ်းနှင့် ကပ်လျက်ရပ်တည်နေသည် သာမကဘဲ ''ပုလဲသွယ်သီအိုရီ''ဟုခေါ်ကြသည့် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေးကြားထောက်စခန်းများ တည်ဆောက်ရေး အခြေအနေဟု အချို့ကရည်ညွှန်းကြသည့် ပင် လယ်ရေကြောင်းနှင့်သက်ဆိုင်သော အခြေခံအဆောက် အအုံတွင် တစ်ချိန်ကတရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုပါဝင်သည့် သမိုင်းရေးအရ အဆက်အစပ်ပြတ် တောက်မှုမရှိဘဲ ဆက်လက်ဖြစ်ပေါ်မှု၏အစိတ် အပိုင်းလည်းဖြစ်သည်။

ယခုလနှောင်းပိုင်းတွင် ပါကစ္စတန်နိုင်ငံ၌ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးအတွက် စွမ်းအင်နှင့်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ လေယာဉ်ကွင်းတည်ဆောက်ရေးတို့အတွက် တရုတ်နိုင်ငံက ပါကစ္စတန်တွင် ကန်ဒေါ်လာ ၂၈ ဘီလီယံဖိုး အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုပြုလုပ်သွားမည်ဟု ကြေညာခဲ့သည်။ တရုတ်နိုင်ငံ၏ ပိုးလမ်းမတည်ဆောက်ရေးအစိတ်အပိုင်းဖြစ်သည့် အဆိုပါရင်းနှီးမြှုပ်နှံမှု၏ အလားအလာများကို ဤဆောင်းပါးတွင် သုံးသပ်တင်ပြထားသည်။

=== Wall Street Journal တွင်ဖော်ပြသည့် China Makes Multibillion-Dollir Down-Payment on Silk Road Plans သတင်းဆောင်းပါးနှင့် China’s Maritimes Silk Road Gamble သတင်းဆောင်းပါးတို့ကို ပြန်ဆိုပါသည်။

The Union

No comments:

Post a Comment