Thursday, April 23, 2015

ဘန်ဒေါင်းစိတ်ဓာတ်ကိုအခြေခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေး

ဂျကာတာ ဧပြီ ၂၂

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ သည် ဧပြီ ၂၂ ရက် ဒေသစံတော် ချိန် ညနေ ၄ နာရီတွင် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ကွန်ဗင်းရှင်း စင်တာ၌ တွေ့ဆုံဆွေးနွေးကြ သည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘန်ဒေါင်းစိတ်ဓာတ်ကို အခြေခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်နိုင်ရေး၊ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ ဆက်ဆံရေးကို တိုးမြှင့်နိုင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေး တည် ဆောက်မှုဖြစ်စဉ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြံင်္ံအကောင် အထည်ဖော်နိုင်ရေး၊ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမ စီမံချက်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စက်မှု ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ လျှပ်စစ် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါး မှု လျှော့ချနိုင်ရေးအတွက် ကူညီ ဆောင်ရွက်ရေး၊ အာရှအခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) တည်ထောင်ရေးတို့နှင့် စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး တရုတ်နိုင်ငံသမ္မတ နှင့်အတူ ဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

MOI

No comments:

Post a Comment