Wednesday, April 29, 2015

ကိုးကန့်-မြန်မာတိုက်ပွဲမှ အမြောက်ကျည်ဆန်များကျ၍ တရုတ်က ထပ်မံကန့်ကွက်


30-4-2015

မြန်မာအစိုးရစစ်တပ်နှင့်ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့များ တိုက် ခိုက်ရာတွင် တရုတ်နယ်စပ်ကို ကျော်၍ တိုက်ခိုက်မှုများမပြုလုပ်ရန် တရုတ်အစိုးရက ယမန်နေ့က ထပ်မံတောင်းဆိုလိုက်သည်။ မြန်မာနှင့် ကိုးကန့်တပ်ဖွဲ့များအပြန်အလှန်တိုက်ခိုက်မှုကြောင့် အမြောက်ကျည်ဆန်များ တရုတ်နိုင်ငံပိုင်နက်တွင်းသို့ ကျရောက်လာပြီးနောက် တရုတ်အစိုးရက ယခုကဲ့ သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘တစ်လောက မြန်မာဘက်က အမြောက်ဆန်တချို့တရုတ် ဘက်ကို ကျလာပြီး ပျက်စီးတာတွေရှိတယ်။ ကံကောင်းလို့ ဒဏ်ရာရ သေဆုံးတာမရှိခဲ့တာ’’ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြော ခွင့်ရပုဂ္ဂိုလ် ဟုန်လီကနေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားသည်။ သို့သော် မည်သည့်နေ့တွင် ကျရောက်ခဲ့သည်ကိုမူ အတိ အကျပြောကြားခြင်းမရှိပေ။


မြန်မာအစိုးရတပ်များနှင့် ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ပြီးခဲ့သည့်လ က တရုတ်နိုင်ငံအနောက်တောင် ပိုင်း ယူနန်ဒေသသို့ ဗုံးဆန်များ ကျရောက်ခဲ့ပြီး လူငါးဦးသေဆုံးခဲ့၍ တရုတ်အစိုးရကို အလွန် စိတ်ဆိုးဒေါသဖြစ်စေခဲ့သည်။

တရုတ်လူမျိုးအများစုပါဝင် သည့် သောင်းချီနေသော စစ်ပြေး ဒုက္ခသည်များသည်လည်း ကိုး ကန့်ဒေသ တိုက်ပွဲများနှင့် ဘေး လွတ်ရာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

‘‘တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို ကိုယ်စား လှယ်လွှတ်ပြီး တရားဝင်အကြောင်းကြားခဲ့ပါတယ်။ နောက်တစ်ခါ သည်လိုမျိုးမဖြစ်အောင် ကာ ကွယ်ဖို့ ထိထိရောက်ရောက်လုပ် ပါလို့ တောင်းဆိုထားတယ်။ နောက်တစ်ခါ အဲဒီလိုမဖြစ်အောင် သက် ဆိုင်ရာတာဝန်ရှိသူကို ပြင်းပြင်း ထန်ထန်အရေးယူဖို့ ကြိုးစားမယ် လို့ မြန်မာဘက်က ပြောပါတယ်’’ ဟု ဟုန်လီက ပြောသည်။

တရုတ်သမ္မတ စီကျင်းပင် သည် တရုတ်နိုင်ငံဘေဂျင်းမြို့ သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုး
ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်း ပြီးခဲ့သည့် တနင်္လာနေ့ကတွေ့ဆုံခဲ့ပြီး တရုတ်နယ်စပ်တစ် လျှောက် ငြိမ်းချမ်းမှုရှိစေရန် တောင်းဆိုခဲ့သည်ဟု ဟုန်လီက ပြော သည်။

‘‘နယ်စပ်အခြေအနေပုံမှန် ပြန်ရောက်ဖို့အတွက် သက်ဆိုင် ရာတာဝန်ရှိတဲ့ အဖွဲ့တွေက တတ် နိုင်သမျှ အခြေအနေကို တည်ငြိမ် အောင် လုပ်နိုင်မယ်လို့ တရုတ် နိုင်ငံက မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။
ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ များနှင့် မြန်မာစစ်တပ်မတော်တို့ သည် တရုတ်နိုင်ငံနယ်စပ်နှင့် မီ တာ ၅၀၀ ခန့်အကွာဒေသတွင် တိုက်ပွဲများဖြစ်နေကြသည်ဟု မြန်မာပြန်ကြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောကြားသည်။

လာမည့် မေလတွင် ပန်ဆန်း မြို့ ‘‘၀’’တပ်ဖွဲ့ဌာနချုပ်၌ ကျင်းပ မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးပွဲသို့ သူတို့ ကိုယ်စားလှယ်စေလွှတ်မည်ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် ဦး ထွန်းမြတ်က ရိုက်တာသတင်း ဌာနအား ပြောကြားသည်။

ယင်းအစည်းအဝေးပွဲတွင် မြန်မာစစ်တပ်နှင့် ဆွေးနွေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီး လက် မှတ်ရေးထိုးခြင်းမပြုရသေးသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ဆွေးနွေးကြမည် ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့ကို အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်ထည့် သွင်းရန် မြန်မာအစိုးရက ငြင်း ဆိုထားသည်။

ကိုးကန့်တပ်ဖွဲ့သည် ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ် ဖွဲ့ဟောင်းတစ်ခုဖြစ်ပြီး ၁၉၈၉ မှ ၂၀၀၉ အထိ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူကာ အပစ်အ ခတ်ရပ်စဲခဲ့ဖူးသည်။ ၂၀၀၉ တွင် ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားကာ အစိုးရတပ်များကကိုးကန့်ဒေသကို သိမ်းပိုက်ပြီးနောက် ဒုက္ခသည်များ ထောင်နှင့် ချီ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ ခိုဝင်ခဲ့ရသည်။

(ရိုက်တာသတင်း)

7Days

No comments:

Post a Comment