Wednesday, April 29, 2015

ကျောက်စိမ်းတုံး မှောင်ခိုတင်ပို့မှုများ ဆက်တိုက်ဖမ်းဆီးရရှိနေ

မန္တလေး-မူဆယ် လမ်းမပေါ်ရှိ နောင်ချို မိုဘိုင်းတင်း စခန်းမှာ တရားမ၀င် တင်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဆက်တိုက်ဖမ်းဆီး ရရှိနေပြီး ဧပြီလ ၂၅ ရက်နေ့ ကလည်း ငွေကျပ် သိန်း ၉၀၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံး တွေကို ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။

တရားမ၀င် ကျောက်စိမ်းတုံးတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ် ငါးစီးဟာ နောင်ချို မိုဘိုင်းတင်းစခန်း ရှေ့မှ ဖြတ်သန်းစဉ် မိုဘိုင်းတင်း အဖွဲ့မှ တားဆီး စစ်ဆေးရာ ကားအတွင်း သိုဝှက်သိမ်းဆည်း တင်ဆောင်လာတဲ့ ၈၆၄ ကီလိုရှိတဲ့ ကျောက်စိမ်းတုံး ၁၉၂ တုံး၊ ကျောက်စိမ်း လက်ကောက် ၁၁၈၆ ကွင်း တန်ဖိုး အနေနဲ့ သိန်း ၉၇၆ သိန်းဖိုး ဖမ်းဆီးရမိ ခဲ့ပါတယ်။

ကျောက်စိမ်းကို နိုင်ငံတော်က တရားဝင်ကုန် သွယ်မှုပြုလုပ်ဖို့ ခွင့်ပြုထားပေမယ့် တရားမ၀င် တင်ပို့မှုများပြားနေပြီး မိုဘိုင်းတင်းကနေ တရားမ၀င်ကုန် ပစ္စည်း ဖမ်းဆီးရမိမှု မှာလည်း ကျောက်စိမ်းက အများဆုံး ဖြစ်နေပါတယ်။ တရားမ၀င် ကျောက်စိမ်းတွေ တင်ဆောင်လာတဲ့ မော်တော်ယာဉ်မောင်း တွေဟာ ထွက်ပြေးတိမ်း ရှောင်နေပြီး မော်တော်ယာဉ် အပါအ၀င် ဖမ်းဆီးရမိတဲ့ကျောက်စိမ်း တန်ဖိုးဟာ ကျပ်ငွေ ၁၅၆၅ သိန်း ရှိပြီး ဒါတွေကိုတော့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့အညီ အမှုတွဲ ဖွင့်လှစ်ပြီး အကောက်ခွန် ဦးစီဌာနကို လွှဲပြောင်း အပ်နှံခဲ့တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment