27/4/2015
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့က စွမ်စော်ရပ်ကွက် ပင်လုံ ၅လမ်း မှာရှိတဲ့ တပ်မတော်ပိုင် မြ၀တီဘဏ်ကို လက်နက် ကိုင် လူ ၂ ယောက်က ပစ်ခတ်ခဲ့တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့ မနက် ၃နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လာရောက်ပစ်ခတ်သူတွေကို စုံစမ်းဖော်ထုတ်နေ ဆဲဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက အမည်မဖေါ်လိုသူ အရာရှိ တစ်ဦးက ပြောပါတယ်။
"ဖြစ်နိုင်ချေကတော့ ဘဏ်တော်တော်များများကို သူတို့စက်ကြေးတောင်းတဲ့ စာတွေပို့တယ်၊ မြဝတီဘဏ် ကတော့ သူတို့ကိုအဆက်အသွယ်မလုပ်ဘူး၊ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး လာခြိမ်းခြောက်တဲ့အနေနဲ့ပစ်တယ်လို့ ယူဆရတာဘဲ၊ KIA ကိုယ်တိုင် သို့မဟုတ် KIA လက်အောက်ခံတွေလို့ ယူဆရတယ်၊ ပလောင်ရွာတွေ ကိုတော့ စုံစမ်းနေတယ်၊ လုပ်နိုင်တဲ့အဖွဲ့အစည်းတွေကို ဖော်ထုတ်နေတယ်၊ ဘယ်သူဖြစ်မယ် ဆိုတာကတော့ ရွာတွေမှာ သတင်းပေး မယ့်သူတွေကိုမွေးထားရတာပေါ့၊ နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ပေါက်တွေ ကိုလည်း စောင့်ကြည့်နေပါတယ်"
အခုလက်ရှိမှာ တရုတ်-မြန်မာနယ်စပ်ဝင်တဲ့ထွက်တဲ့အပေါက်တွေ ကို စောင့်ကြည့်နေပြီး ဘယ်လိုအဖွဲ့အစည်းမျိုးက ကျူးလွန်တယ်ဆိုတာ ကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ စစ်ဆေးချက်အရ လက်နက်ငယ် M22 နဲ့ ပစ်ခတ်ထားတာလို့ တွေ့ရှိရပြီး ဘဏ် ရဲ့မှန်မှာ ကျည်ဆံရာ ၄၄ ချက်တွေ့ရှိခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာ ရမှုမရှိဘူးလို့ ပြောပါတယ်။
RFA
No comments:
Post a Comment