Thursday, April 30, 2015

ဆက်ကြေးကောက်ခံနေသောTNLAကို တပ်မတော် သွားရောက်ရှင်းလင်း၊ လက်နက်များသိမ်းဆည်းရမိ

ဇေဝေယံ
 ရန်ကုန်- ဧပြီ ၃၀

TNLA ၏ဆက်ကြေးကောက်ခံမှုကြောင့်တပ်မတော်နှင့်အပြန်အလှန်
 ပစ်ခတ်မှုဖြစ်ပွားပြီးလက်နက်များသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ယခုလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် TNLAလက်နက်ကိုင်များသည်ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်-နမ့်ဖက်ကာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိနမ့်ဖလွန်းကျေးရွာနှင့်အနီးပတ်ဝန်းကျင်တွင်သွားလာသောယာဉ်များအား
 ယာဉ်ကြီးတစ်စီးလျှင်ကျပ် ၃ သိန်းမှ ၅ သိန်းနှင့်ယာဉ်ငယ်များအားတစ်စင်းလျှင်ကျပ် တစ်သောင်းမှနှစ်သောင်းထိ TNLA အဖွဲ့အင်အား ၅၀ ခန့်မှကောက်ခံခဲ့ကြောင်းသိရသည်။


"ဒီလိုကောက်ခံတဲ့သတင်းကြားလို့ တပ်မတော်စစ်ကြောင်းကသွားရှင်းတာ အဲ့မှာအပြန်အလှန်ပစ်မှုဖြစ်တာပါ။သူတို့ ဘက်ကလက်နက်တွေတော့သိမ်းဆည်းရမိခဲ့တယ်၊ကျွန်တော်တို့ တပ်မတော်ဘက်ကရဲဘော်အချို့ လည်းဒဏ်
 ရာရရှိခဲ့ပါတယ်"ဟုတပ်မတော်မှအကြီးတန်းအရာရှိတစ်ဦးကပြောသည်။

တပ်မတော်မှသိမ်းဆည်းရမိခဲ့သောလက်နက်များမှာ M(21) သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄ တောင့်တို့ဖြစ်ကြောင်းသိရသည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် TNLA အဖွဲ့ များမှာ ဟိုဖျက်ကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ပြီးတပ်မတော်မှအဆိုပါ TNLAများနောက်သို့ လိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရသည်။

Popular Myanmar News

No comments:

Post a Comment