###### သူ့အမြင် ######
သတိပြုမိကြစေရန် ( ၂ )
စာတော့ရှည်သည် သို့သော်ပီးအောင်ဖတ်ကြည့်ပါ
အသိတရားတခုတော့ရရှိနိုင်သည်
********************
" မနက်တော့စောစောထရတာပေါ့ဗျာ
မြန်မာအချင်းချင်းပွဲတိုက်လို့ရတယ်
ဆိုပေမယ့် ဈေးပိုပေးတဲ့ တရုတ်တွေပြန်သွားမှာဆိုးတာနဲ့ စောအောင်သွားမှအလုပ်ဖြစ်တာဗျ " ဟုမန္တလေးကျောက်ရောင်းဝယ်ရေးစခန်းတွင် မနက်တိုင်းကျောက်ပွဲတိုက်သည့် ကျောက်ပွဲစားအကိုတဦး၏ပြောစကားဖြစ်သည်
သိပ်မကြာသေးခင်က ကျွန်တော်မန္တလေးကျောက်ဝိုင်းသို့ရောက်ခဲ့ဖူးသည်
မြင်ကွင်းကတော့ ကျေနပ်စရာသိပ်မကောင်း
အိမ်ရှင်မြန်မာနိုင်ငံသားများက မြန်မာပြည်မှတရုတ်များကိုပင်မဟုတ်ဘဲ မြန်မာပြည်ရောက် မြန်မာစကားတလုံးပင်မတတ် ခေါင်းညိမ့်ခေါင်းခါလောက်သာရသော တရုတ်နိုင်ငံသားစစ်စစ်များကိုပင် သယံဇာတကျောက်စိမ်းပစ္စည်းများကို မိမိလိုအပ်သည့်ဈေးဖြင့်ရလျှင် နိုင်ငံခြားသားများထံသို့ တရားဝင်
ရောင်းချကြသည်
ထိုကဲ့သို့ ပြည်တွင်းသယံဇာတပစ္စည်းများကို ဈေးပေါပေါဖြင့် ပြည်ပသို့ တရားဝင်ရောင်းချနေခြင်းမှာလည်း နိုင်ငံအတွက်များစွာထိခိုက်လွန်းပေသည်
ထို့ပြင် တရုတ်ပြည်မကြီးဈေးကွက်က မြန်မာကျောက်ဝိုင်းဈေးကွက်ကို စီးပွားရေးအရ တိုက်ရိုက်ဆက်စပ်လျက်ရှိနေသည် ပြည်မကြီးဈေးကွက်မကောင်းလျှင် ပြည်တွင်းဈေးကွက်လည်းကျပေသည်
ထိုသို့ဖြစ်နေခြင်းမှာလည်း ပြည်တွင်းကျောက်ဈေးကွက်ပျက်နေခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်မိပါသည်
၎င်းလိုဈေးကွက်ပျက်နေရခြင်းမှာလည်း မြန်မာကျောက်စိမ်းကုန်သည်များ၏ အပြစ်မဟုတ်ပါ သူတို့မရောင်းလျှင် ဘာစားရမည်လဲ တခြားစီးပွားလည်းကောင်းစွာမလုပ်တတ် ကျောက်စိမ်းရောင်းဝယ်ရေးကို မိဘလက်ထက်ကပင် လက်ဆင့်ကမ်းအမွေရရှိခဲ့ခြင်းကြောင့် ဒီအလုပ်ဖြင့်သာအသက်မွေးဝမ်းကြောင်းပြုရသည်
ဒါဆို အဓိကတာဝန်ရှိသူမှာ မည်သူနည်းဟု
ရှင်းပါသည် နိုင်ငံတနိုင်ငံ၏ စီးပွားရေး တိုးတက်စေရန် ထိုနိုင်ငံ၏ အစိုးရပိုင်းက ပြည်သူလူထုအတွက် နှစ်ပေါင်းများစွာပျက်ဆီးလျက်ရှိသော ပြည်တွင်းကျောက်စိမ်းဈေးကွက်ကို ပြန်လည် တည်ဆောက်ပေးရန်လိုအပ်နေပီဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်
#admin
Ko Htun
မြန်မာပြည်မှ တရုတ်များအကြောင်း
No comments:
Post a Comment