Sunday, April 26, 2015

###### သူ့အမြင် ###### မှားပြီးရင်းမှား၊ညံ့ပြီးရင်းညံ့သောမိုက်တွင်းနက်သမ္မတကြီး။ ။javascript:;

###### သူ့အမြင် ######

မှားပြီးရင်းမှား၊ညံ့ပြီးရင်းညံ့သောမိုက်တွင်းနက်သမ္မတကြီး။ ။

၁။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို နိုင်ငံရေး အရ ဖြေရှင်းရာတွင် တရုတ်နိုင်ငံမှ ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု တရုတ် သမ္မတ ရှီကျင့်ပင်က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာရှအာဖရိက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ မစ္စတာရှီကျင့်ပင် တို့သည် ဧပြီ ၂၂ ရက်က တွေ့ဆုံခဲ့ကြပြီး ယင်းသို့သီးသန့်တွေ့ဆုံရာတွင် တရုတ်သမ္မတက ကြားဝင်ဆောင်ရွက်ပေးသွားမည့်အကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
Ref : Yangon Media Group

၂။ ကိုးကန့်ပြသနာဟာ တရုတ်မွှေးတဲ့မီး၊တရုတ်ရဲ့ကစားကွက်ဆိုတာလောက်တောင်
သမ္မတကြီးမသိတာလား။

၃။ ဒီစစ်ပွဲရဲ့အဖြေဟာ မြန်မာပြည်တွင်းမှာရှိနေတဲ့၊မရေမတွက်နိုင်သော
တရုပ်အကျိုးစီးပွားတွေကို၊ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ပြီး၊တရုတ်ကိုရင်ဆိုင်အံတုရင်း၊
တချိန်တည်းမှာအနောက်နိုင်ငံတွေနဲ့ပိုပြီးအကျွမ်းတဝင်ဖြစ်အောင် အားထုတ်ရမှာ ဆိုတာလေးတောင်၊သမ္မတကြီးမသိလေရော့သလား။

၎။ ဒါမှမဟုတ် သမ္မတကြီးအပါအဝင်ဗိုလ်ချုပ်ကြီးများရဲ့စည်းစိမ်ဟာ၊
တရုတ်နိုင်ငံအပေါ်မှာတည်မှီနေပြီး၊အနောက်နိုင်ငံတွေနဲ့လက်တွဲရင်
လူသားသိက္ခာစောင့်ထိန်းရမှာကြောင့် ခိုးချင်တိုင်းခိုးမရမှာ ပူပန်နေတာလား။

၅။ ဒီအတိုင်းတရုတ်ခြေထောက်ပြေးဖက်ဖို့ဆိုရင်၊
အသေခံခဲ့ရတဲ့ရဲဘော်စစ်သည်တွေကိုအားမနာတာလား။

၆။ ဟိုတောင်ကုန်းသိမ်းပြီဒီတောင်ကုန်းသိမ်းပြီဆိုတဲ့၊
လိပ်ခေါင်းထွက်အောင်အသံကုန်ဟစ်ပေးနေတဲ့၊
ရဲရဲတောက်လေတပ်ဗိုလ်တွေရဲ့မျက်နှာကို
တံထွေးနဲ့လှမ်းထွေးလိုက်လေသလား။

၇။ မေးမဲ့သာမေးရတာ အားလုံးကတော့သိပြီးသားပါခင်ဗျာ။
ကျေးဇူးပြုပြီး ဒီသက်တမ်းကုန်ရင်၊မဖြစ်မနေအနားယူစေချင်ပါတယ်။

Min Din

No comments:

Post a Comment