ဇွန်လ(၂၄) ရက်နေ့တွင် ကျင်းပမည့် နေပြည်တော် ကျောက်မျက် ပြပွဲတွင် ဈေးကြီး ပေး၍ လေလံဆွဲ သော်လည်း ရွေးယူခြင်း မရှိသည့် နိုင်ငံခြားသားများအား အရေးယူပေးရန် အစိုးရအား မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း အတွင်းမှ ကျောက်ဝိုင်း အဆင့် မြှင့်တင်ရေး ကော်မတီက တိုက်တွန်းကြောင်း သိရသည်။
နိုင်ငံခြားသားတွေက လာဆွဲတယ်။ ဆွဲပြီး မရွေးဘူး။ အဲဒါတွေကို အရေးယူပေးစေ ချင်တယ်။ ကျွန်တော်တို့ကျ ကုမ္ပဏီရှိမှ ဆွဲရတယ်။ နာမည်နဲ့ ဆွဲလို့ မရဘူး။ သူတို့တွေ ကျ သူတို့ နာမည်နဲ့ပဲ ဆွဲသွားတယ်။ သူတို့က လာမရွေးလည်း ဘာမှ မဖြစ်ဘူး။ ကျွန်တော်တို့ကျ ကုမ္ပဏီလည်း ဘူခေုငျအ စာရင်း သွင်း ခံရတယ်။ ဒီပွဲက မြန်မာကျပ်ငွေနဲ့ လုပ်တဲ့ ပွဲထက် ခက်တယ်။ သူတို့က ဈေး အများကြီးပေးပြီး အများကြီး ဆွဲတယ်။ ပြီးတော့ လွယ်တဲ့ အတွဲ တွေပဲ ထုတ်သွားတာ။ ကျွန်တော်တို့ ကျ အရမ်း နစ်နာတယ် ဟု မဟာအောင်မြေ ကျောက်ဝိုင်း အတွင်းမှ ဦးမျိုးမြင့်နိုင်က ပြောသည်။ ယခုတစ်ကြိမ်ကျင်းပမည့် နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲအား ဇွန်လ(၂၄) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြသမည့် တွဲရေနှင့် ရက်မည် မျှကြာ ကျင်းပ သွားမည်ကို မသိရသေးကြောင်း မဟာအောင် မြေကျောက်ဝိုင်း အတွင်းရှိ ကျောက်ပွဲစားများ ထံမှ သိရသည်။
ကျွန်တော်တို့ကျ ကုမ္ပဏီရှိမှ စပေါ်ပေး ပြီး တင်ရတာ။ နိုင်ငံခြားတွေကျ အဓိက တရုတ် တွေပေါ့။ သူတို့က နာမည်နဲ့ပဲ စပေါ်ငွေ တင်တယ်။ သူတို့က ဈေးတွေ အများကြီးပေး တယ်။ အများကြီးဆွဲတယ်။ ကျွန်တော်တို့က တစ်ရာလောက် ပေးရင် သူတို့က ရှစ်ရာကျော် ကိုးရာလောက်ထိ တင်တာ။ နောက်ပြီး သူတို့ က မရွေးဘူး။ အဲဒီလိုကျတော့ နိုင်ငံတော် မှာလည်း နစ်နာတယ်။ ကုမ္ပဏီလည်း နစ်နာတယ်။ ဒါကတော့ တော်ရုံတန်ရုံ မဟုတ်တော့ဘူး။ အဲဒါကို အကြီးအကဲတွေ အနေနဲ့ အရေးယူပေးဖို့ တောင်းဆိုပါတယ် ဟု မဟာအောင် အောင်မြေ ကျောက်ဝိုင်း အတွင်းမှ ကိုကျော်ဦး က ပြောသည်။
ယခုတစ်ကြိမ် ပြပွဲတွင် မဟာအောင်မြေ ကျောက်မျက်မှ (၂၀၀၀)ခန့်သာ သွားရောက် တော့မည် ဖြစ်ပြီး၊ ယခင်ပြပွဲ များတွင် (၃၀၀၀) ကျော် (၄၀၀၀)ခန့်သွားရောက်လျက်ရှိပြီး၊ ယခုမှ ကျောက်အရောင်းအ၀ယ် နည်းပါးနေ သောကြောင့်ဟု ကျောက်ပွဲစားများ ထံမှ သိရသည်။ ဒီတစ်ခါတော့ အရေးယူပေး နိုင်ရင်တော့ ကောင်းတာပေါ့။ သူတို့က မတန်တဆ ဈေးတွေပေးပြီး အများကြီး ၀ယ်တယ်။ ကျွန်တော်တို့ က တန်ရာတန်ကြေးပဲ ပေးနိုင် တယ်။ ကျွန်တော်တို့ မြန်မာတွေက ဆွဲပြီးရင် ၀ယ်ရတာ။ မ၀ယ်ရင် နာမည်ပျက် စာရင်း သွင်းခံရတာ။ အရေးယူပေးဖို့ တောင်းဆိုကြမယ် ဆိုရင်တော့ ကျွန်တော်တို့လည်း ပူးပေါင်း တောင်းဆိုပေးမယ် ဟု ကျောက်မျက် ရောင်းဝယ်သူ ဦးအောင်ဝင်းက ပြောသည်။
The Messenger
No comments:
Post a Comment