Thursday, April 30, 2015

##### သူ့အမြင် ##### ကိုးကန့် တိုက်ပွဲ စစ်ရေး သုံးသပ်ချက် ( မိုးသီးဇွန် )

##### သူ့အမြင် #####

ကိုးကန့် တိုက်ပွဲ စစ်ရေး သုံးသပ်ချက် ( မိုးသီးဇွန် )

စစ်တခုလုံး Theater of War ကို ခြုံ ပြီး ပြောရရင် တော့ ကိုးကန့် က အသာစီးရနေတယ်။
 မြန်မာစစ်တပ်ရှုံး ပြီး ကိုးကန့် နိင်တယ်လို့  ကောက်ချက်ချနိင်ပါတယ်။


ဒီလိုရရတဲ့အကြောင်းကတော့ ပရပ်ရှား စစ်ပါရဂူ ကလေ့စ်ဝစ် က '' Defense in stronger than attack '' ခံစစ်က ထိုးစစ်ထက် ပြင်းထန်တယ် ဆိုတဲ့ သီအိုရ ကို ကိုယ်တိုင်စစ်ကိုဦးစီးတိုက်ခဲ့ဘူးသူတိုင်းသိနိင်ကြပါတယ်။

ကိုးကန့် က ခံစစ် နေရာယူထားတယ်။ မြန်မာ့တပ်က ထိုးစစ် ဆင် ရတဲ့အနေထားဖြစ်တယ်။ ထိုးစစ်က တော်တော်လေး ဖရိုဖရဲဖြစ်နေတဲ့ တိုက်ရိုက် ချဉ်းကပ်မှု Direct Approach ဖြစ်နေပါတယ်။
 အဆိုးဆုံးတခုကတော့ ကိုးကန့် နယ်မြေကို မြန်မာစစ်တပ်က ကျူးကျော်သူလို့ ဖြစ်နေတယ်။ အခွံပဲကျန်ခဲ့တဲ့ လောက်ကိုင် မြို့ ကိုကြည့်ရင် မြန်မာ စစ်တပ်ဟာ ကိုးကန် လူထုရဲ့ ထောက်ခံ ကူညီမှု လုံးဝ မရှိဘူးဆိုတဲ့သဘောကို ပြနေတယ်။မြန်မာစစ်တပ်ကလဲ သူ နဂိုဗီဇ ခိုးဆိုးခါး အကျင့် အတိုင်း ပဲ သူခိုးတပ်ကြီးလို့ဖြစ်နေပြီး ပရောဖက်ရှင် နယ် စစ်တပ် တခုလို ပြုမှုနိင်စွမ်းမရှိသလိုဖြစ်နေပါတယ်။
 ရုရှား ပညာတော်သင်ပြန် ဗိုလ်မှုး စိုင်းသိန်းဝင်း က '' တိုက်ပွဲကျတဲ့ မြန်မာစစ်သည်တွေကိုယ်ပေါ်မှာ သာမန်တပ်သားတဦး မပိုင်ဆိုင်နိုင်တဲ့ အရပ်သုံးပစ္စည်းတွေနဲ့ တွေ့ရတာပဲ။ ခိုးထုပ်ခိုးထည်နဲ့ မိတယ်လို့ ဆိုမလား။ တိုက်ရာပါပစ္စည်းနှင့်တကွ အသေဖမ်းဆီးရမိတယ်လို့ ပြောမလား။ ''
လို့ စစ်သားတွေက စစ်သားနဲ့မတူတော့ အကျင့်စာရိုက်နဲ့စည်းကမ်း ယိုယွင်းမှုတွေကို ထောက်ပြထားတယ်။

နည်း ဗျူဟာ ပိုင်းမှာလဲ တော်တော်လေး အားနည်း ချက်ရှိတဲ့
 ပုံပေါ်လွင်နေတယ်။ ဥပမာ - မြန်မာ စစ်သားတွေဝင်လာတာကို ကိုးကန့် အဖွဲ့  က ဓါတ်ပုံရိုက်ပြီးတင်ထားတဲ့ပုံတွေဖြစ်ပါတယ်။ အဓိပါယ်ကတော့ မြန်မာစစ်တပ်ဟာ reconnaissance လုပ်နိင်စွမ်းရည်မရှိတာကို ပြနေတယ်။စစ်သားတွေ ရဲ့  mobility နဲ့ မတူပဲ ကျိုက်ထီးရိုးအထမ်းသမားတွေရဲ့  သွားလာပုံမျိုးဖြစ်နေတယ်။ စကားတပြောပြောနဲ့အေးအေးလူလူ သွားနေကြပုံရှိတယ်။ ရုတ်တရက် ambush
လုပ်လာရင် ခြင်းတောင်းကြီးတွေနဲ့  ဘယ်လို နေရာယူမလဲ။ ဘယ်လို့ counter attack
လုပ်နိင်မလဲ ဆိုတာ စဉ်းစား ကြည့်နိင်ပါတယ်။ စစ်သားတွေလက်ထဲမှာ Gun Fire ပြန်လုပ်ဖို့  လက်နက်ကိုအသင့်ကိုင်ထားတောင်မရှိကြဘူး ။ ခြင်းတောင်းတွေမှာ ရောင်စုံ ပလပ်စတိတ် အိပ်တွေ ပလပ်စတိတ်ဖျာ တွေက အဝေးက ရန်သူကို Easy target လာပါ လို့ လက်ရပ် ခေါ်နေသလို ဖြစ်နေတာပေါ့။
 တကယ်က သူတို့  အထက်အရာရှိတွေက သူတို့ ကို သတင်း မှား တွေ ပေးလိုက်ပုံရှိတယ်။ ဥပမာ ကိုးကန့် ဆိုတာ ဘိန်းစားတွေ ၊ တရုပ်တွေ သေနပ်သံကြားတာနဲ့ ထွက်ပြေးမဲ့ ကောင်တွေကို မြှောက်ပေးလိုက်ပုံရှိတယ်။ ဒို့ ဗမာ တပ်မတော်ကသာ စစ်တိုက်စွမ်းရည်ရှိတယ်လို့ တဖက်သတ် ၀ါဒ ဖြန့်ပေးလိုက်ပုံရှိတယ်။
 ကရင် ပြည်နယ်မှာလာတိုက်တုံးက ကရင် တွေမှာ ဖါးပြစ်တဲ့သေနပ်ပဲရှိတယ်လို့  စစ်သားတွေကို သတင်းမှားပေးခဲ့ကြတယ်။ ဖမ်းမိတဲ့စစ်သုံပန်းတွေ ပြောပြချက်အရ သိရတဲ့ စကားတွေဖြစ်ပါတယ်။
 အခုလဲ ကိုးကန့် အဖွ့ဲ က ဓါတ်ပုံ သေချာ ရိုက်ပြီးမှာ တော့ Sniper ပါနဲ့  ပြစ် ဖို့ မခဲ ယဉ်းတော့ပေဘူး။ စစ်သားတွေသေ နေတဲ့ ပုံတွေကြည့်ရင်လဲ တော်တော်ညံတဲ့ စစ်ဗျူဟာ ဖြစ်နေတယ်ဆိုပေါ်လွင် နေတယ်။ ဥပမာ concealing conducting မရှိဘူး ။ ရှိုဘေးမှာ တယောက်၊ လမ်းဘေးမှာ ယောက်၊ ရေ တိုင်ကီ နားမှာ တယောက် သေနေတာတွေက တယောက် တပေါက် ဖြစ်နေကြတယ်။ စစ်သားတွေဟာ Combatants position လုံးဝ မရှိတာကို ပြနေတယ်။
 ကိုးကန့် အဖွဲ့ က သိမ်းပိုက်မိတဲ့လက်နက်တွေ ကိုကြည့်ရင် လက်နက်ကြီး ကျည်တွေကိုပါ
 တွေ့ နေရတယ်။ အဓိပါယ်ကတော့ တပ်ရင်းလိုက် တပ်ခွဲလိုက် ပြုတ်သွားတဲ့သဘောမှာရှိနေပါတယ်။
 ကိုးကန့် တိုက်ပွဲက မန ပုလော တိုက်ပွဲရဲ့  ၁၀ ပုံတပုံတောင်မရှိသေးဘူး။ မနပုလောတိုက်ပွဲမှာ စစ်သား ၃ ထောင် လောက်ကျတယ်။ သုံးထောက်ကျတယ်ဆိုတာ ဦးသန်းရွှေက တပ်မတော်နေ့ အခန်းနားတခုမှာ တရားဝင် ၀ံခန် ထားတဲ့ သေဆုံးမှု ပါ။ လက်ဘက်ရည်ဆိုင်တွေမှာ
 မဲသဝေါ တခွက် လို့  တောင် အရပ်စကားဖြစ်ခဲ့တယ်။ အဓိပါယ် အချို ကျ ကျ ( စစ်တပ်က ကျဆုံးလွန်းတာကိုဆိုလိုတာ။) ဟိုတုန်းက အခုလို ဖေစ်ဘုတ်မရှိ ကင်မရာတွေ မပေါ များသေးတော့
 မှတ်တမ်းတွေ မရခဲ့ကြဘူး။ စစ်တပ် ကျဆုံးမှုက လောက်ကိုင်ထက်ကို များခဲ့တယ်။
 ကရင် နယ်မြေမှာ မတိုက်ဘူးရင် စစ်သား လို့ တောင်သတို့ အချင်းချင်း အသိမှတ်မပြု ချင်တဲ့အထိ ဖြစ်ခဲ့တာပါ။
 ကိုးကန့်  မှာ စစ်တပ်မှ သေဆုံးစရင်း
 ၁။ ဗိုလ်မှုးကြီး (၄)ဦး
 ၂။ ဗိုလ်ကြီး (၉ )ဦး
 ၃။ ဗိုလ် အဆင့်. (၁၇)ဦး
 ၄။ ဒုဗိုလ်အဆင့်. (၂၃)ဦး
 ၅။ အခြားအဆင့်. (၅၂ )ဦး
 ၆။အောက်ခြေတပ်သား(၆၄၇)ဦး သေဆုံးခဲ့တယ်။ အတွေ့ အကြုံ နည်းလှတဲ့ ဗိုလ်ချုပ်မင်းအောင် လှိုင် လက်ထက်မှာ မြန်မာ့တပ်မတော်စစ်ရေ
 စစ်သွေး ဟာ တရှိန် ထိုး ကျဆင်းနေတာကို ပြသနေတယ်။

သုံးသပ်ချက်

မြန်မာ တပ် ။ စစ်ရေး ရည်မှန်းချက် - ကိုးကန့် နယ်မြေ ထိမ်းချုပ်နိင်မှုအပေါ် နိင်ငံရေး အဆင့်မြှင့်တင်ရန် ( To achieve political aims of army by controlling Kokang territory ) / ဦးစီး - မင်းအောင်လှိုင် ။ တိုက်ပွဲဝင် အင်အား - ၃၃၇၂၈ ဦး။ လက်နက် အမျိုးစား။ ၁၀၅မမ။ ၈၄မမ။ ၈၂မမ။ ၆၀မမ။ လေယဉ်၊ ဟယ်လီကော်ပတာ။ တင့်။ ချေမှုန်းရေး လက်နက်ငယ်များ။

က။ မြန်မာစစ်တပ်က လက်နက် ကြီးပေါ်မှီခိုလွန်းတယ်။
 ခ။ Tactical Combat အား နည်းတယ်။
 ဂ။ Man Weapons တွေ ကို ထိရောက်စွာ မသုံးတတ်။
 ဃ။ ကိုးကန့် လူထု ဆီက ထောက်ခံမှု လုံးဝမရ
 င။ အရာရှိတွေ က တခွဲအဆင့်ကိုပဲ Command လုပ်နိင်တယ်။ Offensive Strategy ကို နားမလည်။ သတင်းအချက်အလက် အားနည်း။
 စ။ စစ်သားတွေတိုက်ခိုက်လိုစိတ် ကျဆင်း။

ကိုးကန့် 

စစ်ရေးရေမှန်းချက် - ချေးမှုန်းရေး ပြုလုပ်ပြီး စေ့စပ်ဆွေးနွေးရန် ( To bring Myanmar regime on negotiation table by maxim killing )
ခေါင်းဆောင် ဖုန်ကြားရှင်၊ အင်အား ၁၇၄၅ ဦး။ လက်နက် ၅၇ မမ၊ အာပီဂျီ၊ ချေမှုန်းရေး၇ိုင်ဖယ်များ။

က။ စိတ်ဓါတ် ၊ နယ်မြေ အသားစီးရတယ်။
 ခ။ Defensive Strategy ကောင်းနေတယ်။
 ဂ။တပ်ရွေ့ ပြောင်းနိင်မှု Mobility အားသာတယ်။
 ဃ။ Man Weapons ကို ကောင်းကောင်းသုံးတတ်တယ်။
 င။ ကိုးကန့် လူထု အားပေး ထောက်ခံမှု ရတယ်။
 စ။ သတင်းအချက်အလက် အားသာနေတယ်။
 ဆ။ စစ်သား တိုက်ခိုက်လိုစိတ် ( Aggressiveness) မြင့်မားနေတယ်။

နိဂုံးချပ်ရင် -မြန်မာစစ်တပ် အရှုံးပေါ်တယ် ( loser )။ ကိုးကန် က အောင်နိင် သူ ( Winer )ဖြစ်တယ်။

မိုးသီးဇွန်

No comments:

Post a Comment