Saturday, April 25, 2015

မြ၀တီဘဏ်လက်နက်ငယ်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခံရ


မူဆ.ယ် ၊ ဧပြီ ၂၅၊

ဧပြီလ ၂၅ ရက်၊ နံနက် ၃း၃၀ ခန့် က မူဆယ်မြို့ ရှိ မြ၀တီဘဏ်အား အမည်
မသိ သေနတ်သမား ၂ ဦးက ဆိုင်ကယ်ဖြင့်ရောက်လာပြီး လက်နက်ငယ်ဖြင့်
ပစ်ခတ်သွားခဲ့ကြောင်း မူဆယ်ဒေသခံများကဧပြီလ ၂၅ ၇က် ( ယနေ့) မနက်ပိုင်းတွင် Oriental News သို့ ပြောသည်။

´´မနက် ၃း၃၀ လောက်မှာ အရပ်ဝတ်နဲ့ လူ ၂ ယောက်၊ ဆိုင်ကယ် ၁ စီးနဲ့ 
ရောက်လာပြီး မြ၀တီဘဏ်ကို လက်နက်ငယ်နဲ့  အချက် ၄၀ ကျော် ပစ်သွား
တာပါ။ ဘဏ်ရဲ့ မှန်ပြူတင်းတွေကွဲပါတယ်။ ဘဏ်အတွင်း နံရံနဲ့ မျက်နှာကျက်
တွေအထိ ကျဉ်တွေထိပါတယ်။ လူသူ ဒဏ်ရာရ သေဆုံးမှုတော့ မရှိပါဘူး ´´ဟု မူဆယ်မြို့ ရှိ အစိုးရ၀န်ထမ်တစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ် မှန်ကန် မှု ရှိကြောင်း မူဆယ် မြို့ မ ရဲစခန်း မှ တာဝန်ကျ ရဲဝန် ထမ်းတစ်ဦးက Oriental News သို့ပြောသည်။

မတ်လ ၂၀ ရက်နေ့ က KIA ဟုယူဆရဖွယ်ရှိသောအဖွဲ့ က မူဆယ်မြို့ ရှိ ဘဏ်များ
အားလုံးအား ၄င်းတို့ နှင့်လာရောက်ဆွေးနွေးညှိနှိုင်းရန် စာများပေးပို့ ခဲ့
ပြီး ဘဏ်များအနေဖြင့် ၄င်းတို့ တောင်းဆိုသကဲ့သို့  ဆွေးနွေးညှိနှိုင်းခြင်း မရှိသည့်အတွက် ယခုကဲ့သို့  ခြောက်လှန့် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း မူဆယ်မြို့ ခံတစ်ဦးကပြောသည်။


´´မတ်လတုန်းက သူတို့ ဆီကို ဆက်ကြေးသွင်းဖို့  အကြောင်းကြားစာတွေ
ပို့ ခဲ့တာရှိတယ်။ မူစယ်မြို့ ပေါ်က ဘဏ်တွေအားလုံးပေါ့။ အစိုးရဘဏ်တွေ
လည်း ပါတယ်။ အဲဒါကို ဘဏ်တွေက ဘယ်လိုမှမတုန့် ပြန်လို့  အခုလို ၀င်ပစ်
ပြတာ ဖြစ်မယ်။ နောက်ပြီး တစ်ခြားဘဏ်တွေက မူဆယ်မြို့ ထဲကျတယ်။
မြ၀တီဘဏ်တစ်ခုတည်းက မူဆယ်ကနေ နမ့်ခမ်းဘက်အထွက် မြို့ ပြင်ကို
ရောက်နေတော့ ဒီဘဏ်ကို ရွေးပစ်တာဖြစ်မယ် ´`ဟု ၄င်းက ဆိုသည်။

မတ်လ ၂၀ ၇က်က မူဆယ် မြို့ပေါ် ရှိ ဘဏ်များ သို့ စာပေးပို့ခြင်းမှာ ၄င်းတို့အဖွဲ့၏ လုပ်ဆောင် ချက် မဟုတ်ကြောင်း၊ ၄င်းတို့ ကို အသုံးချ၍ ဆောင်ရွက် သွား ခြင်းသာဖြစ်ကြောင်း၊ ယင်း အဖွဲ့ ကို စုံစမ်းဖော်ထုတ်သွား မည် ဖြစ်ကြောင်း KIA ပြောခွင့်ရ ပုဂ္ဂို လ် ဦဒေါင်ခါးက ပြည်တွင်း မိဒီယာတစ် ခု သို့ပြောဆိုထားသည်။

မြ၀တီ ဘဏ် ပစ် ခတ် ခံရ မှု ဖြစ်စဉ် နှင့် ပတ် သကိ ၍ ဦဒေါင်ခါး ထံ တယ် လီဖုန်းဖြင့် အကြီမ် ကြိမ် ဆက်သွယ် မေးမြန်းသော် လည်း တစ်စုံတရာ ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပေ.။



မာန်ဟုန် ချီ ( Oriental News)

PHOTO BY - MHC ( Oriental News)

No comments:

Post a Comment