သင်္ကြန်အပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ မနေ့ က အပြင်းထန်ဆုံး ဖြစ်တယ်လို့  ကိုးကန့် သတင်းရပ်ကွက်က ပြောပါတယ် ။ ဗမာအစိုးရတပ်ဘက်က မီးကုန် ယမ်းကုန် တိုက်ခိုက်တယ်လို့ ဆ...ိုနိုင်ပါတယ် ။ ရှိသမျှ လက်နက်တွေ အကုန်ထုတ်သုံးပြီး တိုက်ပါတယ် ။မနေ့ ကဖြစ်တဲ့ တိုက်ပွဲမှာ ဗမာအစိုးရတပ်ဘက်က တပ်ရင်းမှုး အဆင့်ရှိသူ အရာရှိတစ်ဦး ကျဆုံးပြီး သေဆုံး ဒဏ်ရာရသူ များတယ်လို့ သိရပါတယ် ။ ကိုးကန့်  စစ်ဘက်ဆိုင်ရာ ကွပ်ကဲနေတဲ့ အရေးကြီးနေရာများကို ရရှိနိုင်ဖို့  ဗမာအစိုးရတပ်က အသည်းအသန် ကြိုးစားနေပေမယ့် ဒီနေ့ ထိ အဆိုပါနေရာများကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အပြင် ထိခိုက်ကျဆုံးမှု အရေအတွက် သာ များလာနေတဲ့အတွက် အရာရှိ စစ်သည်များအကြား စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်နေတယ်လို့  သိရပါတယ် ။
Lung Jung
Lung Jung
No comments:
Post a Comment