Wednesday, April 29, 2015

မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေတည်တံ့ခိုင်မြဲ ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ကိုထောက်ခံကြောင်းတရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်ပြောကြား နှစ်နိုင်ငံကောင်းမွန်သောဆက်ဆံရေးရှိမှသာနယ်စပ်ဒေသငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းပြောကြား


ပေကျင်း ဧပြီ ၂၈

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ်ပြည်ထောင်စု လွှတ်တော်နာယကက ကောင်းမွန် သောဆက်ဆံရေးရှိမှသာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေး ချမ်းရေးအပါအဝင် နယ်စပ်ဒေသ ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ် နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များ၊ ရင်းနှီးမြှုပ်နှံမှုများ၊နည်းပညာ ဖလှယ်မှုများ၊ ကုန်သွယ်မှုတိုးမြှင့်မှု များအပြင် နှစ်နိုင်ငံအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှုများ ရှိခဲ့ကြ ကြောင်း၊ ယနေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ထား သည့်မူဝါဒများသည် ကောင်းမွန် ၍လက်တွေ့ကျကြောင်း၊ တရုတ် နိုင်ငံသည် အခြားနိုင်ငံများ၏ပြည် တွင်းရေးကိုဝင်ရောက်မစွက်ဖက် သောမူဝါဒနှင့်မြန်မာနိုင်ငံ၏အချုပ် အခြာအာဏာ၊ နယ်မြေတည်တံ့ ခိုင်မြဲရေးကို တရုတ်နိုင်ငံမှ လေး စားလက်ခံထားသည်ကို မိမိတို့က သိရှိထားကြောင်း၊ မိမိတို့မြန်မာ နိုင်ငံနှင့်ကိုက်ညီသော နိုင်ငံရေး စနစ်ကို နားလည်လက်ခံအားပေး သည်ကို သိရှိရ၍ ဝမ်းမြောက်မိ ကြောင်းဖြင့် ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ပြောကြားရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံ၏ ကောင်း မွန်သောဆက်ဆံရေးသည် ရှေး အဆက်ဆက် နိုင်ငံ့ခေါင်းဆောင် များကဂရုတစိုက်ဆောင်ရွက်ခဲ့သည့် ဆက်ဆံရေးဖြစ်သည့်အတွက် မိမိ တို့ မျိုးဆက်သစ်များအနေဖြင့် ကောင်းမွန်သည့်အမွေအနှစ်များကို ဆက်ခံဖို့လိုကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါး ရပ်နှင့် ဘန်ဒေါင်းညီလာခံမှချမှတ် သောမူ(၁ဝ)ချက်မှာကောင်းမွန်သည့် အစဉ်အလာများဖြစ်သည့်အတွက် ဆက်လက်အကောင်အထည်ဖော်ရ မည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊နယ်မြေတည်တံ့ခိုင်မြဲရေး နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ နှင့်တရုတ်နိုင်ငံ အတူတကွဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည် ထောင်စုလွှတ်တော်နာယကနှင့် အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးမြင့်လွင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီးဦးသစ်လင်းအုန်း နှင့်ပြည်သူ့လွှတ်တော်ရုံးမှတာဝန် ရှိသူများတက်ရောက်ကြပြီးတရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အတူ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့်ဒုတိယဥက္ကဋ္ဌ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံ တကာရေးရာဌာနဝန်ကြီးမစ္စတာ ဝမ်ကျားရွေ့နှင့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ အထွေထွေ ရေးရာဌာန အထွေထွေအတွင်းရေး မှူးမစ္စတာတင်ရွှေရှောင်နှင့် တာဝန် ရှိသူများတက်ရောက်ခဲ့ကြသည်။

Union Daily

No comments:

Post a Comment