မန္တလေးမြို့သို့ တရုတ်နိုင်ငံမှ တရားမ၀င်လမ်းကြောင်းဖြင့် ၀င်ရောက်နေသည့် အလှကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းတွင် ခဲဆိပ်ပါဝင်နေကြောင်း မန္တလေး တိုင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်ရောင်းချသူ များအသင်း ဥက္ကဌဦးနေလင်းက ပြောကြားလိုက်သည်။
“ တရုတ်အလှကုန်ပစ္စည်း အများအပြားဝင်ရောက်နေပါတယ်။ ဈေးကွက်မှာ အတွေ့ရများတဲ့ ၁၀ မျိုးကို ဓာတ်ခွဲ ခန်းမှာ စစ်ဆေးထားရာမှာ ၈ မျိုးမှာ ခဲဆိပ်ဓာတ်တွေ့ရလို့ ၈၀ ရာခိုင်နှုန်းအထိခဲဆိပ်ပါနေတယ်လို့ ဆိုနိုင် ပါ တယ်။ ဆံပင်ဆိုးဆေး၊ နှုတ်ခမ်းနီတွေမှာ အများဆုံး တွေ့ရပါတယ်။ တရုတ်အလှ ကုန်တွေက တရားဝင်လမ်းကြောင်းကလာတာ နည်းတာကြောင့်ပါ ” ဟု ဦးနေလင်းက ပြောသည်။
တရုတ်နိုင်ငံမှတင်သွင်းသော အလှကုန်ပစ္စည်းအများစုမှာ တရားဝင် လမ်းကြောင်းမှ တင်သွင်းဖြန့်ဖြူးသည့် အရေအတွက်နည်းခြင်း၊ အရည် အသွေးထက် ဈေးနှုန်းလျော့နည်းစေရန် အဓိကထား ထုတ်လုပ်ခြင်း ယခုကဲ့သို့ ပစ္စည်းများ တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။
“စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့လူသုံးကုန်၊ အလှကုန်ပစ္စည်းတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပေမယ့် လူသုံးကုန်ရောင်းချတဲ့ဆိုင်တွေကို မရောင်းချသင့်တဲ့ပစ္စည်းတွေစာရင်းနဲ့အသိပညာပေးမှုတွေကိုသာ ကနဦးလုပ်ဆောင်နေပါတယ်” အဆိုပါဌာနမှ တိုင်းဦးစီးမှူးဦးဆွေ တင့်ကြူးက ပြောသည်။
ြ
ပည်တွင်းမှ အလှကုန်ရောင်းချသူများအား အစားသောက်နှင့်ဆေးဝါး ကွက်ကဲရေးဌာန(FDA) မှ ထုတ်ပြန် ထားသော အလှကုန်နှင့်ဆေးဝါး ပစ္စည်းများ၊ သတ်မှတ်ထားသော အရည်အသွေးစစ်ဆေးချက်များ၊
ထုတ်လုပ်သည့် နည်းစနစ်များနှင့်သာမန်ထက်ဈေးနှုန်းသက်သာသော ပစ္စည်းများ လာရောက်ရောင်းချပါက ၀ယ်ယူခြင်းမပြုရန်အတွက် အသိပညာပေးမှုများကို မန္တလေးတိုင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ် ရောင်းချသူများ အသင်းမှ အပတ်စဉ် ဥပုသ်နေ့တိုင်း လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။
“ အသင်းအနေနဲ့ ရောင်းချသူနဲ့ ထုတ်လုပ်သူတွေကို အသိပညာပေးဖို့ အတွက်ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်နေပါ တယ်၊ အဓိက ဈေးချိုတော် အတွင်းကို အဓိကထားနေပါတယ်၊ ဒါအပြင်တွေ့ရှိချက်တွေကိုလည်း မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနထံသို့ တင်ပြထားပါတယ်” ဟု ဦးနေလင်းက ပြောသည်။
လက်ရှိတွေ့ရှိနေသောခဲဆိပ်ကြောင့် သုံးစွဲသူများအနေဖြင့် အရေပြားကင်ဆာ၊ အရေပြားမှိုတက်ခြင်း၊ ခန္ဓာကိုယ် ထဲရှိ ဇီဝဖြစ်စဉ်များကို ပျက်စီးခြင်း၊ရေ ရှည်တွင် ဆိုးကျိုးများစွာဖြစ်စေနိုင်ခြင်းစသည့်တို့ကို ဖြစ်နိုင်ကြောင်း မန္တလေးတိုင်းကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Shwe Myitmakha Media Group
No comments:
Post a Comment