မင်းလွင်သစ်
ရန်ကုန် ဧပြီ ၂၅
ယခုရက်ပိုင်း၌မြန်မာနိုင်ငံ၏ နယ်စပ် ဆန်တင်ပို့မှုကဏ္ဍဖြစ်သည့် မူဆယ်နယ်စပ် မှတရုတ်နိုင်ငံသို့ဆန်တင်ပို့ရာတွင် လမ်း ခရီးအခက်အခဲကြောင့်ယခင်က တင်ပို့ သည့်ဆန်အိတ်ရေပမာဏကျဆင်းသွား ကြောင်း နယ်စပ်ဆန်ကုန်သည်တချို့ထံမှ သိရသည်။
သင်္ကြန်ပြီးကာလ၌ မူဆယ်မှ တရုတ် နိုင်ငံဘက်သို့ဆန်တင်ပို့မှုအားကောင်းခဲ့ပြီး နေ့စဉ်ဆန်အိတ်ရေခြောက်သောင်းဝန်းကျင် အထိတင်ပို့မှုရှိခဲ့သော်လည်း ယခုရက်ပိုင်း မူဆယ်မှရွှေလီသို့ဆန်တင်ပို့သော လမ်း ကြောင်းဖြစ်သည့်ရွှေလီမြစ်၌ ရာသီဥတု အခြေအနေအရမြစ်ရေကျနေသဖြင့် ဆန် တင်ပို့မှုအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
''ဒီရက်ပိုင်းမှာတော့ တရုတ်ကို ဆန် တင်ပို့တဲ့လမ်းကြောင်းမှာ အခက်အခဲတွေ ရှိနေပါတယ်။ ရွှေလီမြစ်ထဲမှာရေနည်းလာ တဲ့အတွက်အရင်ရက်တွေကလောက်တင်ပို့ နိုင်မှုမရှိတော့ပါဘူး''ဟု ဆန်ကုန်သည် ဦးမင်းသိန်းကပြောသည်။
ယခုရက်ပိုင်း မူဆယ်နယ်စပ်မှ ဆန် တင်ပို့မှု၌ ယခင်ကထက် သုံးပုံတစ်ပုံခန့် လျော့ကျသွားပြီး နေ့စဉ်ဆန်အိတ်ရေ လေးသောင်းခန့်သာ တင်ပို့နိုင်ကြောင်း သိရသည်။ လက်ရှိနယ်စပ် ဆန်တင်ပို့မှု၌ နွေရှယ်ဆန်တစ်အိတ်လျှင် ၁၄၅ ယွမ်၊ ငစိန်ဆန် တစ်အိတ်လျှင် ၁၃၅ ယွမ်၊ သုခဆန်တစ်အိတ်လျှင် ၁၃၃ ယွမ်နှင့် ဆန်ကွဲတစ်အိတ်လျှင် ၁၁၂ယွမ်အစရှိသည့် ဈေးနှုန်းများဖြင့်အရောင်းအဝယ်ပြုလုပ် လျက်ရှိကြောင်းသိရသည်။
၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်၌မြန်မာနိုင်ငံ မှတရုတ်နိုင်ငံသို့တရားဝင်ဆန်တင်ပို့မှုအနေ ဖြင့် လာမည့်မေလ၌ ဆန်တန်ချိန် သုံးသောင်းခန့်စတင်၍ တင်ပို့သွားရန်ရှိ ကြောင်းသိရသည်။
The Union
No comments:
Post a Comment