Sunday, April 26, 2015

တရုတ်သတင်းစာကြီးတစ်စောင် မန်းလေးမှာ စတင်ဖြန့် ဝေ

 တရုတ်စာဖြင့် '' စစ်ကျဲ့  '' အမည်ရ တရုတ်သတင်းစာကြီးတစ်စောင်သည် မန်းသင်္ကြန်အပီး၌ မြို့ ပေါ်ရှိတရုတ်အိမ်များသို့  နေ့ စဉ်ဖြန့် ဝေနေ
ကြောင်း သိရသည်။

ယင်းတရုတ်ဘာသာဖြင့် ထုတ်ဝေသည့်သတင်းစာသည် တရားဝင် ဟုတ်မဟုတ် ကွဲကွဲပြားပြားမသိရသေးသော်လည်း ထိုင်းနိုင်ငံတွင်ရိုက်နှိပ်ပီး မန်းလေးသို့  တစ်ရက်နောက်ကျ ရောက်ရှိဖြန့် ဝေနေရသည်ဟု
ယင်းသတင်းစာပို့ သူများထံမှသိရသည်။


တစ်စောင်လျှင် ကျပ်ငွေ ၆၀၀ ဟုသိရပီး လခနှင့်ဆိုလျှင် ကျပ်ငွေ တစ်သောင်းခွဲသတ်မှတ်ထားပီး ရှေ့ မျက်နှာဖုံးတွင် မြန်မာလို စာလုံးသေးသေးလေးဖြင့် စစ်ကျဲ့  သတင်းဌာန ဟု ရိုက်နှိပ်ထားသည်ကို တွေ့ ရှိရသည်။


aung moe

No comments:

Post a Comment