Wednesday, April 22, 2015

လောက်ကိုင်မြို့အား ဖျက်ဆီးဖောက်ခွဲမည့်သတင်းရထား၍ ပြည်သူတို့ သတိရှိကြရန် တပ်မတော် နှိုးဆော်


စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထား သည့်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်းမှ လောက်ကိုင်မြို့သူ မြို့သားတို့ကို သတိရှိကြရန် တပ်မ တော်ကဧပြီ ၂၁ရက်နေ့တွင် အသိ ပေးမှုတစ်ရပ် ပြုလုပ်ထားသည်။

 တရုတ်-မြန်မာ နှစ်ဘာသာ ဖြင့် သတိပေးစာများကို ဖြန့်ဝေ ခြင်းနှင့် လိုက်လံကြော်ငြာခြင်း များဆောင်ရွက်ထားပြီး ယင်းမှာ လောက်ကိုင်မြို့ကို သောင်းကျန်း သူများက ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်လာမည့် သတင်းကို ရရှိထားသည့်အတွက် ကြောင့်ဟု တပ်မတော်က ထည့် သွင်းကြေညာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲများကြောင့် ပြင်ပနေရာများ သို့ ထွက်ပြေး တိမ်းရှောင်သွား သော ဒေသခံများ လောက်ကိုင်မြို့ တွင်းသို့ ပထမတစ်သုတ် ရောက်ရှိ နေပြီး နောက်ပိုင်း တပ်မတော် ဘက်က ယခုကဲ့သို့သော ကြေညာ စာကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ် သည်။


တပ်မတော်ဘက်က လောက် ကိုင်ဒေသခံတို့ကို ရပ်ရွာလုံခြုံရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင် ရွက်ရန်လည်း တိုက်တွန်းထား သည်။ ယင်းအပြင် မိမိတို့၏ နေ အိမ်ခြံဝင်း၊ ဈေးဆိုင်များအပါအဝင် အနီးပတ်ဝန်းကျင်၌ မသင်္ကာဖွယ် လူနှင့်ပစ္စည်းများ တွေ့ရှိပါကလည်း မြို့ရွာလုံခြုံရေး တာဝန်ရှိသူများ ထံသို့ အမြန်ဆုံး အသိပေးအ ကြောင်းကြားရန် တပ်မတော်ဘက် က မေတ္တာရပ်ခံထားသည်။

အစိုးရတပ်နှင့် ကိုးကန့်တိမ်း ရှောင်တပ်တို့သည် ပြီးခဲ့သည့် ဖေ ဖော်ဝါရီလ ၉ ရက်နေ့မှစကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ် ခုလုံးကို တပ်မတော်ထံလွှဲပြောင်း ပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တပ်မတော်က ကိုးကန့်ဒေသ ကို ရက် ၉ဝ အုပ်ချုပ်ခွင့်ရထားပြီး လိုအပ်ပါက ထပ်မံသက်တမ်းတိုး ခွင့်လည်း ရရှိထားသည်။
===============
Popular Myanmar News Journal

No comments:

Post a Comment