Thursday, April 30, 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့၌လေ့လာ

 ကူမင်း- ဧပြီလ၂၉ ရက်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယဝန်ကြီး Mr. Chen Fengxiang ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေး ဝန်ကြီးဌာန
ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန် တို့နှင့်အတူ ၂၀၁၅ခုနှစ် ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် ချိန်ကုန့်မြို့သစ်ရှိ လူမှုဝန်ထမ်းနှင့် အလုပ်အကိုင်ရှာဖွေရေး
ဌာနသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ ညွှန်ကြားရေးမှူး မစ္စတာ ကျိုးလီရွှယ် က ကြိုဆိုခဲ့ပြီး သိရှိလိုသည်များကို လိုက်လံရှင်းလင်း
ပြသခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက်သို့
ရောက်ရှိကြပြီး ပြတိုက် ဒုတိယအထွေထွေမန်နေဂျာ မစ္စလီလီမင် က စိုက်ပျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပြတိုက် အတွင်း လိုက်လံရှင်းလင်း
ပြသခဲ့သည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့သည်
CHENNONG စိုက်ပျိုးရေး လုပ်ငန်းစုသို့ ဆက်လက်ထွက်ခွာခဲ့ရာ ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ လီယွင်စစ် က စိုက်ပျိုးသီးနှံ များထုတ်လုပ် ဖြန့်ဖြူးတင်ပို့မှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြ သည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့ဝင် များသည် CHENNONG စိုက်ပျိုးရေးလုပ်ငန်းစု ၏ ဇီဝနည်းပညာ စိုက်ပျိုးရေးပြခန်းအား လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ယူနန်တိုင်းရင်းသားကျေးရွာသို့ရောက်ရှိပြီး တိုင်းရင်းသားရိုးရာ အကများဖြင့် ကြိုဆိုခဲ့ကြသည်။

ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တိုင်းရင်းသား ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုကာ မူဆိုး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့သည်။


သတင်းစဉ်

No comments:

Post a Comment