Wednesday, April 29, 2015

##### သူ့အမြင် ##### မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ လှပြီ

##### သူ့အမြင် #####

မြန်မာ့နိုင်ငံရေး အခင်းအကျင်းကတော့ လှပြီ

တရုတ်ညွန်ကြားချက်နဲ့ ပန်ဆိုင်းညီလာခံ ဆိုပြီး တိုင်းရင်းသား လက်နှက်ကိုင် ၁၂ ဖွဲ့ကို UWSA ၀ တပ် ဌာနချူပ်မှာ ဆွေးနွေးပွဲလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီပွဲမှာ မြန်မာအစိုးရနဲ့ စစ်ဖြစ်နေတဲ့ ဖုတ်ကြားရှစ် ကိုပါ ထည့်ဖိတ်တယ်။

တဖက်ကလည်း ဖုတ်ကြားရှစ် ရဲ့နောက်ဆုံးစခန်းကို တိုက်ရင်း မြန်မာ့တပ်မတော်က အသေအပျောက် များခဲ့ရပြီး သိက္ခာလည်းကျခဲ့ရတယ်။

အဲ့ဒီစခန်းဟာ တရုတ်နယ်စပ်မျဉ်းပေါ် ခွထိုင်ထားတော့ မြန်မာ့တပ်မတော်က ရှိသမျှအား အကုန်သုံးပြီး တိုက်ဖို့လည်း အခွင့်ကမသာ "တရုတ်ပြည်ကလည်း သူ့ဖက် ကျည်မကျစေနဲ့ ကျလာရင် ဘာဖြစ်မယ် ညာဖြစ်မယ်" နဲ့ သတိပေး ခြိမ်းခြောက်ရင်း ဖုတ်ကြားရှစ် ကို ကာကွယ်ပေးနေတယ် ထောက်ပံ့ပေးနေတယ်။


ကဲ ဒီတော့ "မြန်မာ အစိုးရ နဲ့ မြန်မာ့တပ်မတော် ဘာလုပ်မလဲ" နိုင်ငံရေးကစားကွက် ရွေ့ပြတယ် "တရုတ်အကြောက်ဆုံး အစိုးရိမ်ဆုံး ကိစ္စ လုပ်လိုက်ရမလား" ဆိုတဲ့အထာနဲ့ ပြန်အကျပ်ကိုင်လိုက်တယ်။

ပထမ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို "For show only" လုပ်ပြတယ်။ အထာက "အမေစု နဲ့ညှိပြီး ဖွဲ့စည်းပုံပြင် သမ္မတ ရာထူး အမေ့ကို အပ်လိုက်ရမလား ဒါဆို ခင်ဗျားတို့တရုတ် ဘာဖြစ်သွားမယ် ထင်သလဲ" ဆိုတဲ့အထာ ပြလိုက်တာဖြစ်တယ်။

အမေသာ သမ္မတဖြစ်သွားရင် "အနောက်နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ကောင်းသွားပြီး နိုင်ငံရေး ကိစ္စ တရုတ်အမှီအခိုကင်းသွားမယ် စစ်ရေးအကူအညီပါရလာမယ်ပေါ့" ဒါက မြန်မာပြည်ကို ဒီမိုကရေစီ မရစေချင်တဲ့ တရုတ်ပျော့ကွက်လေ။

၆ ပွင့်ဆိုင်ပြီးတော့ တရုတ်က အရင်လို "တိုက်လေယာဉ်ပြင် နောက်တစ်ခါဆို မြန်မာကို တိုက်မယ် "ဆိုတဲ့ အထာကနေ တစ်ထစ်လျှော့လိုက်တယ် လေသံနည်းနည်းအေးသွားတယ် ဒါပေမယ့် ပန်ဆိုင်းကိစ္စ နဲ့ ဖုတ်ကြားရှစ်ကို ကာကွယ်တဲ့ ကိစ္စကိုတော့ မလျှော့သေးဘူး။

အခုတော့ မြန်မာ့တပ်မတော်ကလည်း ဖုတ်ကြားရှစ် ကို အပြတ်တိုက်ဖို့ စစ်တင်မက နိုင်ငံရေး အခင်းအကျင်းပါ ပြင်လာတယ်။

မနေ့က အာဏာရ ကြံ့ဖွတ် ပါတီနဲ့ လွှတ်တော် ဥက္ကဌ ဖြစ်တဲ့ သူရဦးရွှေမန်း တရုတ် သမ္မတ ရှီကျင်ပင်း နဲ့ သွားတွေ့ပြီး ကိစ္စတစ်ချို့ဆွေးနွေးတယ်။

အဆင်မပြေမှုတွေရှိခဲ့ပုံရတယ် ဒီနေ့တော့ ဦးရွှေမန်း မြန်မာပြည်ပြန်လာပြီး မနက်ဖြန် အမေရိကန်နိုင်ငံကို ခရီးထွက်မယ်တဲ့။ ဒီခရီးစဉ်က တရုတ်ကို ဖိအားပေးတဲ့ ခရီးစဉ်ဖြစ်တာသေချာတယ်။

ခြုံငုံ သုံးသပ်ရရင် ဖုတ်ကြားရှစ်ကိုအကြောင်းပြုလို့ လုံးဝဆိုးဝါးလာတဲ့ တရုတ်မြန်မာ ဆက်ဆံရေးဟာ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ် ရာနှုန်းပြည့်ရောက်သွားစေနိုင်တဲ့ အနေအထားတစ်ခုဖြစ်နေတယ်။

တရုတ်က မြန်မာဖက်ကို ကျည်တစ်ချက် ဖေါက်လိုက်တာနဲ့ကို အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်နေပြီ။

အခြေအနေအရလည်း မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ တရုတ်က အင်ထုထားတဲ့ လက်နှက်တွေကိုင်ရင်း တနေ့တခြား တရုတ်ရဲ့ ယုတ်မာမှုတွေကို ပိုပို သိပြီး ရွံရှာမုန်းတီးလာပြီ။

တရုတ်ကို အာခံဖို့ မြန်မာ့တပ်မတော်နဲ့ အစိုးရလက်ထဲမှာ ကိုင်ထားတဲ့ ၀ှက်ဖဲကို သုံးပါတော့ လို့ပဲ ကျနော် ဒီနေရာကနေ မျှော်လင့် ဆုတောင်းနေပါတော့တယ်။

အချိန်ကလည်း ၆ ပွင့်ဆိုင်ဆွေးနွေးပွဲလုပ်နေချိန် ဒီအပြင် အပြောင်းအလဲလုပ်ဖို့အကောင်းဆုံး ဖြစ်တဲ့၂၀၁၅ ရွေးကောက်ပွဲ ကာလမဟုတ်လား။

မြန်မာ့တပ်မတော်ကြီး
ဖုတ်ကြားရှစ်လောက်
ဝ လောက် ထည့်တွက်စရာမလိုတဲ့ Professional Army ဖြစ်ဖို့ အချိန်ရောက်နေပါပြီ။

အရင်က ကိစ္စတွေ ကျနော်တို့မေ့ထားပါ့မယ်။

-မြန်မာပြည်သူတွေအတွက်… …

-သိက္ခာရှိပြီး ကမ္ဘာက လေးစားရမယ့် မြန်မာ့တပ်မတော် ဖြစ်လာစေရေး အတွက်ပေါ့။… …

Zaw Lwin Win Fb

No comments:

Post a Comment