Saturday, April 25, 2015

ဖုန်ကြားရှင်ကို နောက်ကွယ်က ထောက်ပံ့မှု ပေးနေသူကို ဖော်ထုတ်နိုင်ပြီ ...


ဖုန်ကြားရှင်ကို နောက်ကွယ်က လက်နက်၊ ခဲယမ်း၊ လူ၊ ရိက္ခာ၊ အစရှိသည်များကို ထောက်ပံ့ပေး နေသူမှာ အခြားသူ မဟုတ်ပါ။

ဖုန်ကြားရှင်ရဲ့ သားမက်ဖြစ်သူ မိုင်းလား ဥက္ကဋ္ဌ စိုင်းလင်း ပင် ဖြစ်နေပါသည်။ မည်ကဲ့သို့ ပြောနိုင် သနည်း ။
ယခင်ကတည်းက ဖုန်ကြားရှင်ကို မိုင်းလားနယ်မြေမှာ ၀ှက်ထားပြီး ဖုန်ကြားရှင်ရဲ့ တပ်ဖွဲ့ဝင် တွေကို မိုင်းလားနယ်မြေတွင် စစ်ပညာများ သင်ကြားပေးခြင်းကို ၁ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သည့် မှတ်တမ်းအထောက်အထားများကို ရရှိခဲ့ပါသည်။


ထို့အပြင် တရုတ်နိုင်ငံအပါအ၀င် အခြားနိုင်ငံများမှ လက်နက်၊ ခဲယမ်းများကို ၀ယ်ယူရန် အတွက်လည်း ကူညီပေးခဲ့ပြီး ကုန်ကျစရိတ်အတွက် မူးယစ်ဆေးဝါးများကို မိုင်းလားနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမ၀င် ခိုးထုတ်မှုများကိုပါ လုပ်ဆောင်ခဲ့သည့် မှတ်တမ်း အထောက် အထားများကိုလည်း ရရှိထားပြီး ဖြစ်ပါသည်။

ဒါ့အပြင် ဧပြီလ ၂၀ ရက်နေ့က မိုင်းလားဒေသမှ မူးယစ်းဆေးဝါး တင်ဆောင်လာမည့် သတင်းကို ကြိုတင် ရရှိခဲ့ပြီး ထိုင်း - မြန်မာ နယ်စပ်ဂိတ် တပ်ဖွဲ့ဝင်များမှ စောင့်ဆိုင်းနေမှုကို စိုင်းလင်းမှ သိရှိကာ နယ်စပ်သို့ မသွားတော့ဘဲ ယာဉ်တန်းကို မိုင်းလား ဒေသသို့ ပြန်လည် ၀င်ရောက်လာကြောင်း သိရှိရပါသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို တရားမ၀င် တင်ပို့ရန် စေခိုင်းသူမှာ ဖုန်ကြားရှင်ဖြစ်ကြောင်း နှင့် ရောင်းချရရှိသည့် ငွေများမှ လက်နက်ခဲယမ်းများကို ၀ယ်ယူသွားဖို့ အစီအစဉ်ရှိနေကြောင်း အလင်းဝင်ရောက်လာသူ တပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦးမှ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ထို့ကြောင့် ဖုန်ကြားရှင်၏ တပ်များကို အမြစ်ပြတ် ချေမှုန်းပြီးပါက မိုင်းလား စစ်မျက်နှာသို့ ဆက်လက်ချီတက် တိုက်ခိုက်သွားမည်ဟု သတင်းများအရ သိရှိရပါသည်။

 I Sgt;; 4C

No comments:

Post a Comment