အောရမ်း
ရန်ကုန် ဧပြီ ၂၉...
မေဒေးနှင့်ကဆုန်လပြည့်နေ့ များတွင် မုံရွာခရိုင်အတွင်းရှိ ကုမ္ပဏီများဖြစ်သည့် ဝမ်ပေါင်နှင့် ယန်စီကြေးနီထုတ်လုပ်ရေး ကုမ္ပဏီ များမှ မြန်မာအလုပ်သမားများ သည် အလုပ်ရပ်သပိတ်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီများမှ မြန်မာ အလုပ်သမားများသည် တရုတ် အလုပ်သမားများထက် လုပ်ခလစာ နည်းပါးခြင်းကြောင့်တိုးမြှင့်တောင်း ဆိုရာ ၄င်းတို့တောင်းဆိုသည့် နှုန်း ထားအတိုင်း တိုးမြှင့်ပေးခြင်း မရှိ သည့်အတွက် ယခုလိုပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမား များဘက်မှ ဆောင်ရွက်ပေးသည့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ ချုပ် အကြံပေးဦးရန်နိုင်ထွေးက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
''အလုပ်သမားတွေအားလုံး အလုပ်မဆင်းဘဲ အိမ်မှာပဲနေပြီး အလုပ်ရပ်သပိတ်လုပ်မယ်။ အဲဒီ နှစ်ရက်ပြီးမှ ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့် ပြီး ဆက်လက်လှုပ်ရှားသွားမယ်'' ဟု ဦးရန်နိုင်ထွေးက ပြောသည်။
မြန်မာအလုပ်သမားများသည် လုပ်ခလစာများကို ၈ဝရာခိုင်နှုန်း တိုးတောင်းထားရာ ကုမ္ပဏီများက ညှိနှိုင်းခြင်းမရှိဘဲ ၅ဝရာခိုင်နှုန်း တိုးပေးမည်ဟု သတင်းများထုတ် ပြန်ထားကြောင်း ယင်းတိုးမြှင့်မှုကို ယခုလကုန်တွင် ခံစားရမည်ဖြစ် ကာ မြန်မာအလုပ်သမားများသည် ယင်းတိုးမြှင့်လစာကိုလည်းယူမည် ဖြစ်ပြီး အလုပ်ရပ်သပိတ်ကိုလည်း ဆင်နွှဲမည်ဖြစ်ကြောင်း ၄င်းကဆို သည်။
မေဒေးနေ့နှင့်ကဆုန်လပြည့် နေ့များတွင် အလုပ်ရပ်သပိတ်ဆင် နွှဲမည့် မြန်မာအလုပ်သမားအရေ အတွက်မှာ ခန့်အပ်ဝန်ထမ်းများ၊ နေ့စားများအားလုံး စုစုပေါင်းဦးရေ ၄ဝဝဝခန့်ရှိကြောင်း သိရသည်။
မြန်မာအလုပ်သမားများနှင့် တရုတ်လုပ်သမားများ လုပ်ခလစာ ထက်ဝက်ခန့် ကွာခြားရရှိသည့် အတွက် မြန်မာအလုပ်သမား များသည် လုပ်ခလစာတိုးမြှင့်ရရှိ ရေးအတွက် ယခင်နှစ်အစောပိုင်း ကတည်းကတောင်းဆိုဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝမ်ပေါင်နှင့်ယန်စီကုမ္ပဏီများ သည် တစ်နှစ်ပတ်လုံး လုပ်ငန်း ရပ်နားသည်မရှိဘဲ လုပ်ငန်းခွင် အတွင်း အဆိုင်းသုံးဆိုင်းခွဲကာ နှစ်ဆိုင်းအလုပ်ဆင်း တစ်ဆိုင်းနား ပုံစံမျိုးဖြင့် လည်ပတ်ကြောင်း၊ ယခုအလုပ်ရပ်သပိတ်ပြုလုပ်ခြင်း ကြောင့် လုပ်ငန်းလည်ပတ်မှုရပ် တန့်သွားမည်ဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စုနေ့စဉ်
No comments:
Post a Comment