30-4-2015
ပိုင်ထက် (မြစ်မခ)
အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့မှ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုးခွင်းခံရမှု ၂၉ လပြည့် အထိမ်းအမှတ်ကို ကျောက်တံတားမြို့နယ် တရားရုံးရှေ့၌ ဧပြီလ(၂၉)ရက်နေ့က ပြုလုပ်ခဲ့သည်။
“စီမံကိန်းကိုပြည်သူတွေကအလိုမရှိလို့ အေးချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက်ဖြိုခွင်းခဲ့တာ ၂၉ လပြည့်ပြီးဖြစ်လို့ အထိမ်း အမှတ်ပွဲပြုလုပ်တာပါ ” ဟု အထိမ်းအမှတ်ပွဲအား ဦးဆောင်သူ ဒေါ်လေးလေးက ပြောသည်။
အထိမ်းအမှတ်ပွဲတွင် ၀မ်ပေါင်းကုမ္ပဏီကျဆုံးရေး၊ဦးပိုင်ကုမ္ပဏီကျဆုံးရေးနှင့် လူသတ်စီမံကိန်း အလိုမရှိဟု ကြွေးကြော်ခဲ့ပြီးတရုတ်နာရေးချသည်ပုံစံဖြင့်ဝမ်ပေါင်ကုမ္ပဏီကျဆုံးသည့်ပုံစံကို သရုပ်ဖော်ခဲ့ကြောင်းတွေ့ရသည်။
အဆိုပါပွဲကို ဦးဆောင်ပြုလုပ်သူသုံးဦးဖြစ်သည့် ဦးဘမြင့်၊ ဦးဌေးအောင်နှင့် ဒေါ်လေးလေးတို့သည် ၂၀၁၄ ခုနှစ်အတွင်းက ထိုင်းဝန်ကြီးချုပ် မြန်မာပြည်လာသည့်အချိန်၌ မြို့တော်ခန်းမရှေ့တွင် ခိုတောင်ကျွန်း လူသတ်မှုအား အမှန်အတိုင်းဖော်ထုတ် ပေးရန်အတွက် ခွင့်ပြုချက်မတင်ဘဲ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ပုဒ်မ(၁၈)ဖြင့် တရားစွဲခံထားရသူများလည်း ဖြစ်သည်။
အဆိုပါအမှုဖြင့်တရားစွဲခံရပြီးနောက် ယခုဧပြီ(၂၉)ရက်နေ့ ရုံးချိန်းအပြီး လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုးခွင်းခံရမှု ၂၉ လပြည့် အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ဧပြီလ(၂၉)ရက်နေ့ ရုံးချိန်း၌ ၎င်းတို့သုံးဦးအား ခိုတောင်ကျွန်းလူသတ်မှုကို ခွင့်ပြုချက်မဲ ဆန္ဒထုတ်ဖော်မှုဖြင့် ကျောက်တံတား တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃လ ချမှတ်ခဲ့သည်။
မြစ်မခ
No comments:
Post a Comment