ကျနော် သိပ်မပြောချင်ပါ
လောက်ကိုင်တွင် စစ်ဖြစ်နေသည် လူတိုင်းသိ၏ သို့သော် လက်ပံတောင်းတွင်လည်း စစ်ဖြစ်နေသည် လူတိုင်းသိ၏ လောက်ကိုင် စစ်ပွဲတွင် မြန်မာ့တပ်မတော်မှ အောက်ခြေ စစ်သည် ဘာမသိညာမသိ အသုံးချခံရသော စစ်သားများ အတုံးအရုံန်း မရှု့မလှသေကြရသည်…စိတ်မကောင်းပါ......
လက်ပံတောင်းတွင် စစ်ဖြစ်နေသည် မိဘပြည်သူ တောင်သူ လယ်သမားများမြေပြောက် အိမ်ပြောက် ဘ၀ ပြောက်သည့် အပြင်.. ဒေါ်ခင်ဝင်းလည်း အသက် ပါ ဆုံးရသည်…. သံဃာတော် အပါး ၁၂၁ ပါး မသေကောင်းမပြောက်ကောင်း အလူးအလဲ မီးလောင်ဗုံးစာမိ၍ ခံစားခဲ့ကြရသည်…ထိုတင်မက နောက်ဆုံး လယ်တီဆရာတော်၏ သိမ်နှင့် စေတီနှစ်ဆူ မွမွချေခံရသည်။ ၂၀၁၁ ခုမှ လက်ရှိထိ ရေတွက်သော် ရွာသား ရွာသူပေါင်း ၁၆၂ ယောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိထားသည်။ ၂၂ ယောက် ဖမ်းဆီးခံရသည်။ လက်ရှိ ဆက်လက် ဖမ်းဆီးရန် ၁၁ ယောက်ကို ၀ရမ်းထုတ်၍ အင်္ဂလိပ်ကိုလိုနီခေတ်ကဲ့ကသို့ပင် ကျေးရွာအ၀င်ထွက် သစ်ပင်ကြီးများတွင် လိုက်လံ၍ ကပ်ထားသည်။ လက်ပံတောင်း မြေဧက ၇၀၀၀ ကျော် အား မြေလှန်၍ ဥပဒေကြောင်းနှင့် ဆန့်ကျင် စွာ တူးဖ်ါနေသော တရုတ်ပြည်မှ လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ နော်ရင်းကိုးမှ သယ်ထုတ် ကဲ့ထုတ်ပြီး လက်နက်များ ထုတ်လုပ်ကာ တကမ္ဘာလုံးမှ သူပုန်နှင့် အစိုးရများဆီသို့ ပြန်လည် ရောင်းချသည်။
ယခုလောက်ကိုင်တွင် ဖြစ်နေသော စစ်ပွဲအား ကြည့်လျင် နှစ်ဖက်စလုံး တရုတ်ပြည် နော်ရင်းကိုး လက်နက် ကုမ္ပဏီမှ ထုတ်လုပ်သော လက်နက် ကျဉ်ဆံများဖြင့် သူအနိုင်ကိုအနိုင် အပြိုင်ကျဲနေကြသည်။ သေဆုံးသူများအတွက် မိဘများငိုကြွေးကြသည် ဆွေမျိုးများ ပူဆွေးရသည်။ ရဲဘော်ရဲဘက်များ စိတ်မကောင်းဖြစ်ကြရသည်။ တိုင်းပြည်သူပြည်သားများအတွက် ၀မ်းနည်းကြရသည်။ သို့သော် တရုတ်ပြည် နော်ရင်းကိုး မှ ကြေးနီ နှင့် သတ္တုများ တူးယူ၍ လက်နက်ထုတ်လုပ်ရောင်းသော ဈေးကွက် အလွန် အရောင်းသွက်လာသည်။ နိုင်ငံတကာ ပြည်တွင်းစစ်စောင့်ကြည့်ရေးအဖွဲ Inter Civil Conflict Watch (ICCW) ၏ ထုတ်ပြန်ချက်အရ မြန်မာအစိုးရမှ နှစ်ပေါင်းနှစ်ဆယ်အတွင်း တရုတ်ပြည်မှ အမေရိကန် ဒေါ်လာ သန်းထောင်ပေါင်း (၁၂ ဒသမ ၉) ထောင် ဘီလီယံ ( သန်း )ဖြင့် စစ်ပစ္စည်းနှင့် လက်နက် တန်ဆာ ပလာ အပြင် စစ်ဘက်ဆိုင်ရာ ဆေးဝါးများပါ ၀ယ်ယူခဲ့သည်။
မြန်မာ ပြည်နယ်စပ်တွင် ရှိသော သူပုန်များအဖွဲ့မှာ စုစုပေါင်း ခန့်မှန်းချေ နှစ်စဉ် တရုတ်ပြည်မှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀ ခန့် ၀ယ်ယူနေကြောင်း ခန့်မှန်းထားသည်။ သို့သော် လက်ပံတောင်းတွင် လယ်သူမများ ဓာမတိုလေးများဖြင့် အဝေးက လှမ်းအော်ပြီး ရင်ဆိုင်၍ သမာသမတ်မကျသော စနစ်ကို ပြုပြင်ရန် ရှိရှိသမျှ စွမ်းအားဖြင့် ကန့်ကွက် နေကြသည်ကို စစ်ဘက်ဆိုင်ရာ တရားရေးဘက်ဆိုင်ရာ နှင့် လွှတ်တော် အပါဝင် စသော အဖွဲ့စည်းများ မျက်နှာလွဲ ဂဲပစ် လုပ်ထားကြသည်။ ယခု ဆက်လက် ၍ တရုတ်ပြည်မှ သတ္တုတွင်းကုမ္ပဏီလုပ်ငန်း ၂၁ ခု ဆက်၍ တူးဖေါ်ကာ တ၇ုတ်မှ လက်နက် အမြောက်များ ထုတ်လုပ်ရောင်းချပေးအုံးမည်။
အစိုးရနှင့် သူပုန်များ ဆက်လက်၍ သူ့ထက်ငါ အလုယက်ဝယ်ယူပြီး အချင်းချင်းသတ်ဖြတ်ကြပါကုန်…. လက်ပံတောင်း သတင်းစာ ရှင်းလင်းပွဲကို ဆက်ဖတ်နိုင်ပါသည်။ ကျေးဇူးတင်ပါသည် ဂိုလ်ရှယ်လေး စစ်အခွင့်ထူးခံ ကြပ်ပြေး သိန်းစိန်အစိုးရကို ကျနော်မယုံပါ လောက်ကိုင်ကို တရုတ်နောက်ခံနှင့် ဖုန်ကြားရှင်တပ်တွေ ဝင်တိုက်တာကို ကာကွယ်ခုခံနေရပါတယ်ဆိုရင်-
-လက်ပံတောင်းဒေသမှာ တရုတ်အစိုးရစစ်ဦးပိုင် နိုရင်ကို (ဝမ်ပေါင်)ကုမ္ပဏီ အကျိုးအတွက် တောင်သူဒေါ်ခင်ဝင်းကိုဘာကြောင့်ပစ်သတ်ခဲ့ရတာလဲ???
-တရုတ်စစ်လက်နက်ကုမ္ပဏီအတွက် သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ဘာကြောင့်ပစ်ခတ်ခဲ့ပါသလဲ??
-တရုတ်နိုင်ငံသား လုံခြုံရေး အမည်ခံ အကြမ်းဖက်သမား တွေက ၂၂၊၁၂၊၂၀၁၄ ရက်က လက်ပံတောင်း တောင်သူ တွေကို ပေါက်ဆိန်နဲ့ လိုက်ခုတ်ဒုတ်နဲ့လိုက်ရိုက်တာကိုဘာကြောင့် ခွင့်ပြုထားပါသလဲ??
-လက်ပံတောင်းဒေသခံပြည်သူတွေ ရဲ့မြေပေါ် မှာ တရုတ်တွေစီးစိမ်ယစ်ရန် ရေကူးကန်၊အရက်ဘားတွေဘာကြောင့် ဆောက်လုပ်ထားပါသလဲ???
-တရုတ်နိုင်ငံသား နှစ်ယောက် ယန်စီကုမ္ပဏီမီးလောင်မှုနဲ့ တိမ်းရှောင်နေတာကို ကိုယ့်နိုင်ငံထဲမှာဘာကြောင့်ခွင့်ပြုထားပါသလဲ???
-တရုတ်ဝန်ထမ်း လစာ ဆယ်သိန်း၊ဗာမာဝန်ထမ်း သန့်ရှင်းရေး အလုပ်ကြမ်း ကာမောင်း (လစာ -တစ်သိန်းခွဲ)ကိုဘာကြောင့် မထိန်းညှိပါသလဲ????
-တရုတ်နိုင်ငံသားတွေ လက်ပံတောင်းကြေးနီစီမံကိန်းထဲ ကိုဘာကြောင့်တရားမဝင် ဝင်ရောက်ခွင့်ပြုထားပါသလဲ?? -တရုတ်ကုမ္ပဏီမှ တာဝန်ပျက်ကွက်နေတာကို
ဘာကြောင့်စီမံကိန်းဆက်လုပ်ခွင့်ပြုထားပါသလဲ???? ????လားပေါင်းများစွာမေးရတော့မည်။
သေချာတာက ကြပ်ပြေးအစိုးရသည် တိုင်းပြည်ကိုကာကွယ်ခြင်းလုံးဝမဟုတ်၊စစ်အခွင့်ထူးခံအာဏာ ကိုသာကာကွယ်နေခြင်းဖြစ်သည်၊၊
စစ်အုပ်စုအကျိုးရှိမယ်ဆိုလျှင် ရွှေတိဂုံဘုရားကိုအရေကျို ပြီး ကိုယ့်သားကိုယ့်မယား စိန်စီဝံ့သူများသာဖြစ်သည်။
လောက်ကိုင်စစ်သည် ကြပ်ပြေးအစိုးရ အကျိုးစီးပွားနှင့် ဒေသတွင်း စစ်ဘုရင်ဟောင်းတို့ ၏ အကျိုးစီးပွား လုပွဲကိုအခြေပြုစတင်လာခြင်းဖြစ်၍ တိုင်းပြည်နစ်နာရသည်။
ဒီမိုကရေစီ ရည်မှန်းချက် အတွက်ဖောက်ပြန်စစ်ပွဲတွေ အလိုမရှိ---- ဖောက်ပြန်စစ်တရားခံကြပ်ပြေးအစိုးရအတွက် တုန့်ပြန်ရန် ** လူထု၏စစ်ဆန့်ကျင်ရေးတောင်းဆိုမှုမှသည် လောက်ကိုင်စစ်အားရပ်စဲစေအံ့ တိုင်းရင်းသားအခွင့်အရေးတန်းတူညီမျှကိုသာ အလိုရှိသည်။
စီးပွားရေး အခွင့်အလမ်း ညီမျှမှုကိုသာအလိုရှိသည်။ နိုင်ငံရေးအဆင့်အတန်း ညီမျှမှုကိုသာအလိုရှိသည်။
**ပြည့်သူ့တော်လှန်စစ်ကိုသာအလိုရှိသည်***
၁၃၊၂၊၂၀၁၅ နေ့လယ်-၁း၄၉ မိနစ်
ဟန်ဝင်းအောင်
No comments:
Post a Comment