Monday, April 6, 2015

သုံးလအတွင်း ပြည်တွင်း၌ တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွား


6.4.2015

၂၀၁၅ ပထမ သုံးလတာကာလအတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့များကြား တိုက်ပွဲ အကြိမ် တစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် ဦးရေ တစ်သိန်းကျော်ထိ မြင့်တက်လာနေ ကြောင်း ငြိမ်းချမ်းရေးဖြစ်စဉ် စောင့်ကြည့်လေ့လာနေသည့် Myanmar Peace Monitor စစ်တမ်းများတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ကြား ၂၀၁၅ ဇန်န၀ါရီမှ မတ်လအထိ တိုက်ပွဲအကြိမ်ရေ ၁၂၀ ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခ သည် တစ်သိန်းလေးထောင်ခန့် မြင့်တက်လာကြောင်း Myanmar Peace Monitor က ဆိုသည်။


မြန်မာ့တပ်မတော်နှင့် ကိုး ကန့်တိမ်းရှောင်အဖွဲ့ (MNDAA) ၊ ကေအိုင်အေ၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)၊ မဟာမိတ်တပ်ပေါင်း စု (FUA) တို့ ကြား တိုက်ပွဲများအဓိကဖြစ်ပွား ခဲ့ခြင်းလည်း ဖြစ်သည်။

လတ်တလောပြန်လည်ဖြစ် ပွားခဲ့သော တိုက်ပွဲများနှင့် ပတ် သက်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ‘‘NCA ကို လက်မှတ် ရေးထိုး နိုင်ပြီဆိုရင်တော့ ဒီပဋိပက္ခတွေ လျှော့ချရုံသာမက လုံးဝရပ်စဲ အောင် လုပ်ဆောင်နိုင်မယ်လို့ ယူ ဆပါတယ်’’ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးသ ဘောတူညီချက် စာချုပ် (အတည် ပြုမူကြမ်း)ကို အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ များကြား ပဏာမအဆင့် သဘောတူညီ ကြောင်း လက်မှတ်ရေးထိုးထား သည်။

Myanmar Peace Monitor စစ်တမ်းများအရ ၂၀၁၄ ခုနှစ် တစ် နှစ်တာ အတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲ ၂၅၀ ခန့် ဖြစ်ပွားခဲ့သည်။

7DAYS

No comments:

Post a Comment