6.4.2015
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးနှင့် သိန်းနီ-ကွမ်းလုံကားလမ်း တစ်လျှောက်တွင် ဖြတ်သန်းသွားလာနေသော ခရီးသွားယာဉ်များနှင့် တပ်မတော်ယာဉ်တန်းများအား အဝေးထိန်းစနစ်သုံး မိုင်းများ ဖောက်ခွဲ တိုက်ခိုက်နေသောအဖွဲ့မှာ ရှမ်းပြည်တိုးတက်ရေး ပါတီ နှင့်ရှမ်းပြည် တပ်မတော်(SSPP/SSA) အဖွဲ့သာဖြစ် ကြောင်း ဒေသခံ များက ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်သည်။
“အရင်တုန်းကတော့ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မပြောဘဲနေလာခဲ့တာ အခုတော့ခရီးသွားပြည်သူတွေကို တောင်ဒုက္ခ ပေးလာတော့ မပြောလို့မဖြစ် တော့ဘူး၊ အဲဒီအဖွဲ့ဟာ လက်နက်တွေအပြည့်အစုံနဲ့ ရွာတွေနားမှာ သွားလာပုန်းအောင်း နေတာ၊ ပြီးတော့မှ လမ်းဘေးနား ကပ်ပြီး မိုင်းခွဲတာ” ဟုသိန်းနီဒေသခံတစ်ဦးကဆိုသည်။
အဆိုပါအဖွဲ့သည် ဧပြီလ ၄ ရက်နေ့က နမ္မတူမြို့နယ်၊ မုံးရင်ကျေးရွာဘက်မှ သိန်းနီမြို့နယ်၊ နောင်ဆိုင် ကျေးရွာ အနီးသို့ရောက်ရှိလာပြီး ရွာ၏အနောက် ဘက် လျှိုအနီး၌ အခြေပြုလျက်ရှိကြောင်း ကျွဲပျောက်လိုက်ရှာ ရင်းမျက်မြင် တွေ့ခဲ့ သော အမည်မဖော်လိုသူ ရွာသားတစ်ဦးထံမှသိရသည်။
“ဒါဟာ ရွာသားတွေကို ပိုပြီးစိုးရိမ်ထိတ်လန့်စေတာပေါ့၊ SSPP အဖွဲ့အနေနဲ့ ရွာအနီးဝန်းကျင်မှာလာပြီး စစ်ရေးလှုပ်ရှား မှုတွေမလုပ်သင့် ဘူး၊ ပြည်ထောင် စုလမ်းမကြီးကို အမြဲတမ်းနှောင့်ယှက်ဖို့ရောက်နေ တာဆိုရင် တော့ အချိန်မီ တားဆီးဖို့လို တာပေါ့၊ ဖြစ်နိုင်ရင် အဲဒီရွာအနီးမှာ SSPPအဖွဲ့ရောက်နေတာ ကို လုံးဝကန့်ကွက်ပြီး ထွက်သွားခိုင်းသင့်တယ်” ဟု သိန်းနီမြို့ခံ တရားရေးဝန်ထမ်းတစ်ဦးကပြောသည်။
SSPP/SSA အဖွဲ့သည် လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီးနှင့် သိန်းနီ-ကွမ်းလုံ ကားလမ်း တစ်လျှောက်တွင် တာဝန်အရသွားလာနေသော တပ်မတော်ယာဉ်တန်းများအား အလစ်အငိုက်မိုင်းခွဲတိုက် ခိုက် ခြင်း၊ ဖြတ်သန်းသွားလာ နေသော ခရီးသွားယာဉ်များအား နှောင့် ယှက်မိုင်းခွဲ ခြင်းများသည် ငြိမ်းချမ်းရေးယူထား သော လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်မဟုတ်ဘဲ ငြိမ်းချမ်းရေးမလိုလားသော အကြမ်းဖက် သောင်းကျန်း သူအဖွဲ့ များ၏ လုပ်ရပ်မျိုးသာဖြစ်ကြောင်း၊ ယင်းအဖွဲ့အနေဖြင့် ငြိမ်းချမ်း ရေးကတိက၀တ်ကိုလိုက်နာပြီး ဆင်ခြင်သင့်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက သုံးသပ်ပြောကြားသွားသည်။
By ကောင်းစံ(ရှမ်း/မြောက်)
No comments:
Post a Comment