တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Monday, April 6, 2015
ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်သောင်းကျန်းသူအဖွဲ့မှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးကာတိုက်ပွဲ အတွင်း အသုံးချခဲ့သည်ဟု ဒေသခံများပြောဆို
5.4.2015
လောက်ကိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် အနယ်နယ်အရပ်မှ ကြံခင်းအလုပ်သမားများအဖြစ် လာရောက် လုပ်ကိုင်နေတဲ့အပြစ် မဲ့ပြည်သူတွေကို ဖုန်ကြားရှင်က တိုက်ပွဲတွင် အတင်းအဓမ္မဆွဲသွင်းနေ တယ်လို့ သိရပါ တယ်။ တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် အလုပ်သမားတွေဟာ တိုက်ပွဲကြားမှာ ပိတ်မိနေကြပါတယ်။ အချို့ ကတော့ ကိုယ့်ရပ်ကိုယ့်ရွာ အသီးသီးကို ကြုံသလိုပြန်နေကြပြီဖြစ်ပါတယ်။
ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် မပြန်နိုင်သေးတဲ့အလုပ်သများတွေကို ကိုးကန့်သောင်းကျန်းသူအဖွဲ့က အတင်းအကြပ်လာရောက် ဖမ်းဆီးပြီးတိုက်ပွဲအတွင်း အသုံးချခဲ့တယ်လို့ သိရပါတယ်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့ထဲကို မလိုက်ချင်တဲ့အတွက် ငြင်းဆန်ကြ ပါသေးတယ်။ ဒါပေမယ့် အဲဒီအဖွဲ့က အလုပ်သများတွေကြောက်လန့်အောင် လူအရင်သတ်ပြပါတယ်။ မလိုက်ရင်အသတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်လေတော့ မတတ်သာတဲ့အဆုံးလိုက်သွားကြရတာဖြစ်ပါတယ်။
ထွက်ပြေးတိမ်းရှောင်ဖို့အခွင့်မသာ တဲ့ အလုပ်သမားတွေဟာ ကိုးကန့်သောင်းကျန်းသူအဖွဲ့ရဲ့ ပတ်ခတ်သတ်ဖြတ်ခြင်းကို ခံရသလို အကြောက် တရားနဲ့ဖမ်းဆီးခြင်းကိုလည်း ခံကြရပါတယ်။
“အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မြင်းခြံဘက်က များပါ တယ်။ တိုက်ပွဲတွေကြောင့် မိသားစုတကွဲတပြားဖြစ်ပြီး ထွက်ပြေးလာကြရပါတယ်။
ကိုးကန့်သောင်းကျန်းသူ အဖွဲ့ထဲကိုပါသွားတဲ့ လူတွေကတော့ ကံအဆိုးဆုံးလို့ပြောရပါမယ်။ အဲဒီအလုပ်သမားတွေကို ကိုးကန့် သောင်းကျန်းသူအဖွဲ့က တရုတ်ယွမ်ငွေ(၅၀၀)နဲ့ ဆေးပြား တစ်ထုပ်ပေးတယ်။ ပြီးရင်ဆေးပြားတွေ အတင်း စားခိုင်းတယ် ။ ဆေးကြောင်နေ တဲ့ အချိန်ရောက်ရင် ယူနီဖောင်းတွေ ၀တ်ခိုင်းပြီး သေနတ်တွေကိုင်ခိုင်းတယ်။
နောက်ဆုံးတော့ တိုက်ပွဲတွေထဲ ထည့်ပါတော့တယ်” ဟု ဖမ်းဆီးခံရသောကြံခင်း အလုပ်သမားတစ်ဦး၏ ဇနီး ဖြစ်သူက ပြောသည်။
အခုတပ်မတော်ကို နှောင့်ယှက်တိုက်ခိုက်နေတဲ့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ထဲမှာ ဆေးကျွေးပြီး အတိုက်ခိုင်းတဲ့ အလုပ်သမားပြည်သူတွေ ပါနေတာကတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ သူတို့တွေ ကို ရှေ့ကတင်ပြီး ကိုးကန့်တပ်ဖွဲ့ဝင်တွေက နောက်က လိုက်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အပြစ်မဲ့ ပြည်သူတွေကို အသေခံခိုင်းတာဖြစ်ပါတယ်။
အဲဒီလောက်ထိ ရက်စက်ယုတ်မာနေတဲ့ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ကို ပြည်သူတစ်ရပ်လုံးက လုံးဝခွင့်မလွှတ်နိုင်တော့ပါဘူး။
အပြစ်မဲ့ပြည်သူတွေကို ဆေးကျွေးပြီး တိုက်ပွဲထဲဆွဲသွင်းကာ လူသားတံတိုင်းအဖြစ် အသုံးပြုတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်၊ ဖမ်းဆီးပြီး မူးယစ်ဆေးအတင်းကျွေး၊ စစ်တိုက်ခိုင်းတာဟာ စစ်ရာဇ၀တ်မှုမြောက်ပါတယ်။ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ ပြည်သူကို တိုက်ပွဲထဲမှာ အသုံးချတာဟာ အကြမ်းဖက်လုပ်ရပ်ပဲဖြစ်ပါတယ်။ တကယ်တော့ ကိုးကန့်သောင်းကျန်းသူ အဖွဲ့ဟာ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့သာဖြစ်တာကြောင့် တပ်မတော်အနေနဲ့ ထိရောက်တဲ့ချေမှုန်းမှုတွေ ဆက်တိုက်ပြုလုပ်ဖို့ ဒေသ ခံတွေ ကလည်း လိုလားနေကြပါတယ်။
လောက်ကိုင်နယ်မြေကို ကျူးကျော်တိုက်ခိုက်တာဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါး စော်ကားတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် လောက်ကိုင်မြို့ဟာ စစ်တလင်းဖြစ်ခဲ့ရပြီ။ ဒေသခံပြည် သူတွေ သေကြေပျက်စီးထွက်ပြေးတိမ်းရှောင်နေကြရပြီ။ အစိုးရ၀န်ထမ်းတွေ ပြန်လာကြရပြီ။ ယနေ့အချိန်ထိ သေနတ်သံ၊ ဗုံးသံတွေနဲ့ စစ်ရိပ်စစ်ငွေ့တွေ ယှက်သန်းနေဆဲဖြစ်ပါတယ်။
တိုင်းပြည်မတည်ငြိမ် မအေးချမ်း အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာတဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်သောင်းကျန်းသူအဖွဲ့ဟာ အမျိုးသား သစ္စာဖောက်များသာ ဖြစ် ပါတယ်။
“ လောက်ကိုင်မြို့ကို ကျွန်တော်တို့မိသားစုတွေ ပြန်လာနေကြရပါပြီ။ တဖွဲဖွဲဝင်လာနေကြပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တုန်းက ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို လွတ်မြောက်စေချင်တယ်။ တိုက်ပွဲတွေ ထဲမှာ သေတဲ့ လူလည်းသေပြီလို့ကြားပါတယ်။ ကျန်ရစ်ခဲ့တဲ့မိသားစုတွေ အတွက် တကယ်စိတ်မကောင်းဘူး၊ အဲဒီလိုအသုံးချခဲ့ တဲ့ ဖုန်ကြားရှင်အဖွဲ့ရဲ့ လုပ်ရပ်က ခွင့်လွှတ်စရာအကြောင်း မရှိပါဘူး၊ အပြစ်မဲ့ပြည်သူတွေကို အသုံးချခဲ့တဲ့ အတွက် ထိရောက်တဲ့ပြစ်ဒဏ်ခတ်ပေးပါ လို့တောင်းဆိုချင် ပါတယ်” ဟု လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက် နေထိုင်သော မြို့ခံတစ်ဦးကပြောကြားသွားပါတယ်။
Credit #ဝေလင်းစိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment