ရွှေလီမြစ်ကူးတံတားဆောက်လုပ်ရေး မြေယာစမ်းသပ်ရန်အတွက်ဟု အကြောင်းပြပြီး၊ တရုတ်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘက်ခြမ်းသို့  တရုတ်နိုင်ငံအလံ ကိုင်ဆောင်ဝင်ရောက်၊ မြန်မာတာဝန်ရှိသူများတားမြစ်၍ တရုတ် နိုင်ငံဘက် သို့ပြန်လည်ထွက်ခွာ၊ ယခုအကြိမ်ဝင်ရောက် ခြင်းမှာ ဒုတိယအကြိမ်မြောက်ဝင်ရောက်ခြင်းဖြစ် ဟုဆို
===========================
နမ့်ခမ်း၊ ဧပြီ (၃)
၂၀၁၅ ခုနှစ် ဧပြီလ (၃) ရက်နေ့  နံနက် ၉ နာရီခန့် တွင် တရုတ်နိုင်ငံဘက်မှ ရွှေလီပြည်ပရေး ရာ ဌာန၊ ဆက်ဆံရေးတာဝန်ခံ ဦးဝင်းမြင့်၊ နောင်တောင်းမြို့  ဒုအုပ်ချုပ်ရေးမှူးးထန်လီကျန်၊ တိန်းလျှိုကျေးရွာ အုပ် ချုပ်ရေးမှူးး အိုက်စိုင်းထွန်း၊ တိန်းလျှိုကျေးရွာ စိုက်ပျိုးရေးတာဝန်ခံ စိုင်းအိုက်ပီး၊ ရွှေလီလမ်းပန်းဆက်သွယ်ရေး ဌာန ခွဲနှင့် နယ်ခြားစောင့်စစ်ရဲ တို့ပါဝင်သော စုစုပေါင်း ၂၅ ဦး အဖွဲ့ သည် တရုတ်နိုင်ငံအလံကိုင်ဆောင်၍ ရွှေလီမြစ်ကူး တံတား ဆောက်လုပ်ရေး မြေယာစမ်းသပ်တူးဖော်ရန်အတွက်ဟု
အကြောင်းပြပြီး တရုတ်နိုင်ငံ မန်ကွန့် ကျေးရွာမှ ရွှေလီမြစ်အား စက် လှေဖြင့် ဖြတ်ကူး၍ မြန်မာနိုင်ငံ ၊ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ နယ်၊ စယ်ဟိုင်းကျေးရွာအုပ်စု၊ ကုန်းဆာကူးတို့  ဆိပ်ဟောင်း၊ ရွှေလီမြစ်ကမ်းဘေးရှိ နယ်ခြားမှတ်တိုင်အမှတ် ၆၃(၂) အနီးသိရောက်ရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ဧပြီလ ၃ ရက် တွင် Oriental News သို့ပြောသည်။

၎င်းတရုတ်နိုင်ငံသားများ ရောက်ရှိနေသည့်သတင်းကြောင့် နမ့်ခမ်းမြို့ နယ် စယ်ဟိုင်းကျေးရွာနှင့် ကုန်းဆာကျေးရွာ များမှ လယ်သမား ၁၀၀ ဦးခန့် လည်း ရောက်ရှိနေခဲ့ပြီး နမ့်ခမ်းမြို့ 
နယ်အုပ်ချုပ်ရေးမှူးး;ဦးဇော်မင်း၊ မြို့ နယ်ရဲတပ်ဖွဲ့  မှူးးရဲမှူး မောင်အေး၊ မြို့ နယ်လ၀ကမှူးးဦးမျိုးမြင့်ဝင်း၊ မြို့ နယ်မြေစာရင်းဦးစီးမှူးး ;ဦးဝင်းမြင့်သန်း၊ မြို့ နယ်စိုက်ပျိုး ရေး အရာရှိ ဦးမြတ်မင်းထွေးတို့ အဖွဲ့ က၀င်ရောက်လာသည့် တရုတ်နိုင်ငံသားများထံ သွားရောက်တွေ့ ဆုံခဲ့ရှင်းလင်းပြောကြား တားမြစ်ခဲ့ရကြောင်း မျက်မြင် သက်သေများက ပြောသည်။

ဦးဇော်မင်းက ရွှေလီမြစ်ကူးတံတားတည်ဆောက်မှုနှင့်ပါတ်သက်၍
နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုမထိခိုက်စေရန်နှင့် သဘောထားကွဲလွဲမှုမရှိစေရန် နှစ်နိုင်ငံအစိုးရများ၏သဘောတူညီမှုရရှိမှသာ ဆောင်ရွက်ရန် ရွှေလီပြည်ပရေးရာဌာန၊ ဆက်ဆံ ရေး တာဝန်ခံ ဦးဝင်းမြင့်နှင့်အဖွဲ့ အား ရှင်းလင်းပြောကြားခဲ့ရာ နံနက် ၉း၃၀ ခန့် တွင် ဦးဝင်းမြင့်နှင့်အဖွဲ့ သည် ရွှေလီ မြစ်ကို စက်လှေဖြင့်ဖြတ်ကူးကာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ နယ်၊ မန်ကွန့် ကျေးရွာသို့  ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း
ဒေသခံများကပြောသည်။

နမ့်ခမ်းမြို့ နယ် စယ်ဟိုင်းနှင့်ကုန်းဆာကျေးရွာများမှ လယ်သမား ၁၀၀ ဦးခန့် သည် ရွှေလီမြစ်ကူးတံတားဆောက် လုပ်ရေး မြေယာစမ်းသပ်မည့်နေရာသည် နှစ်စဉ်ကြံစိုက်ပျိုးသည့်နေရာဖြစ်ခြင်း၊ ရွှေလီမြစ်ကူးတံတားတည်ဆောက် မည့်အပေါ် မလိုလားခြင်းတို့ ကြောင်း ကန့် ကွက်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ ဦးဇော်မင်းတို့ အဖွဲ့ က တရုတ်နိုင်ငံ သားများအားရှင်းလင်းပြောကြားခဲ့သည်များကို
တွေ့ မြင်သိရှိပြီးနောက်၎င်းလယ်သမား ၁၀၀ ခန့်မှာ ၉း၄၀ ခန့် တွင် နေရပ်သို့  အသီးသီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
တွေ့ မြင်သိရှိပြီးနောက်၎င်းလယ်သမား ၁၀၀ ခန့်မှာ ၉း၄၀ ခန့် တွင် နေရပ်သို့  အသီးသီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
တရုတ်နိုင်ငံသည် မြန်မာဘက်ခြမ်းတွင် တံတားဆောက်ရန် အတွက်ဟုအကြောင်းပြပြီး မြေနေရာတိုင်းတာရန် ပြောင်ပြောင်တင်းတင်း လာရောက်ခဲ့သည်မှာ ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လ ၂ ရက်နေ့  ကလည်း တံတားတည်ဆောက်ရန်အကြောင်းပြချက်ဖြင့် နမ့်ခမ်းမြို့ နယ်၊ စယ်ဟိုင်း ကျေးရွာ အုပ်စု၊ ကုန်းဆာကျေးရွာ အနီး သို့ဝင်ရောက် ခဲ့ဖူးကြောင်း၊ ယင်း အချိန်ကလည်းမြန်မာ တာဝန်ရှိသူ များ၏ ရှင်လင်းပြောကြားခဲ့၍ ပြန်လည်ထွက်ခွာသွားခဲ့ဖူးကြောင်း
ဒေသခံများကပြောသည်။
ဒေသခံများကပြောသည်။
မာန်ဟုန်ချီ
Oriental News Journal
No comments:
Post a Comment