Saturday, April 4, 2015

မြန်မာနိုင်ငံကို စိတ်ဝင်စားသော အာရှကုမ္မဏီများ တိုးပွားလာ


CNA .ဧပြီ ၂ ။
မြန်မာအစိုးရသည် ဘဏ်လုပ်ငန်း ကဏ္ဍကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုလိုက်ပြီးနောက်ပိုင်းတွင် အာရှကုမ္မဏီ ၄ ခုတွင် တစ်ခုက မြန်မာနိုင်ငံတွင် စီးပွားရေး တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားကြသည်ကို တွေ့ရှိရကြောင်း United Oversea Bank UOB ကလုပ်ဆောင်ခဲ့သော အာရှကုမ္မဏီများ လေ့လာချက်စစ်တမ်းအရ သိရှိရသည်ဟု ဧပြီလ ၂ ရက် Channel News Asia သတင်းတွင်ဖော်ပြသည်။

UOB ဘဏ်က တရုတ်ပြည်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများရှိ ကုမ္မဏီ ၁၀၂၄ ခုကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းက အာရှဒေသတွင် စီးပွားရေး အခွင့်အလမ်းနှင့် စိန်ခေါ်မှုများအပေါ် ကုမ္မများ၏ အမြင်များကို မေးမြန်းထားသည်။

စင်ကာပူ ကုမ္မဏီ ၅ ပုံ တစ်ပုံ ၂၁ ရာခိုင် နှုန်း က ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့မည်ဟုပြောသည်။

ဒေသတွင်း အခြားကုမ္မဏီများကလည်း မြန်မာနိုင်ငံတွင် တိုးချဲ့ရန် စိတ်ဝင်စားကြသည်။ ဟောင်ကောင်ကုမ္ပဏီများ၏ ၃၁ ရာခိုင်နှုန်း၊ ထိုင်းကုမ္ပဏီများ၏ ၂၈ ရာခိုင်နှုန်း၊ တရုတ်ပြည်မကြီးကုမ္ပဏီများ၏ ၂၆ရာခိုင်နှုန်း နှင့် မလေးရှား ကုမ္ပဏီများ၏၂၅ ရာခိုင်နှုန်းတို့က မြန်မာနိုင်ငံတွင် လုပ်ငန်းတိုးချဲ့ရန် စိတ်ဝင်စားကြသည်။


လေ့လာချက် စစ်တမ်းအရ လုပ်ငန်းမျိုးစုံ ပါဝင်ရာလုပ်ငန်းအမျိုး အစားအလိုက်ဖော်ပြရာပါက မော်တော်ယာဉ် ၄၄% အစားအစာနှင့် အဖျော်ယမကာ F&B ၃၉%၊ IT ၃၃%၊ ကုန်သွယ်ရေကြောင်း ၃၃%၊ ထောက်ပို့ ၃၀% တို့က မြန်မာနိုင်ငံတွင်လုပ်ငန်း တိုးချဲ့ရန် စိတ်ဝင်စားကြသည်။

“မြန်မာ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် တစ်တပ်တစ်အား ပါဝင်လုပ်ကိုင်လိုသော အာရှ ကုမ္မဏီတွေ များလာတယ်။ ဒီကုမ္မဏီတွေက နေရာကောင်းရအောင် စောစော ၀င်ရောက် ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဒီကုမ္မဏီတွေကို ကျွန်တော်တို့က အထောက်အပံ့ ပေးချင်တာပါ”” ဟု့ UOB ဘဏ်မှ Mr Ian Wong က ပြောသည်။

““မြန်မာနိုင်ငံဟာ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ ခိုင်မာတဲ့ အခြေခံတည်ဆောက်ဖို့ လိုတယ်။ ဒါကြောင့် မြန်မာဟာ အခြေခံအဆောက်အုံ၊ ကုန်ထုတ်လုပ်ငန်း၊ ဆက်သွယ်ရေးနဲ့ ပညာရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ အဆက်မပြတ် ရရှိ နေဖို့လိုမယ်၊နောက်ပွင့်လာမည့် ၁၅ နှစ် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရင်းအနှီး စင်ကာပူဒေါ်လာ ၆၅၀ ဘီလီယန် လိုအပ်မယ်။ ဒီထဲကအမေရိကန်ဒေါ်လာ ၃၂၀ သန်းလောက်ဟာ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးမှာ သုံးရမယ်” ဟု Global Institute မှ Mc Kinsey က ခန့်မှန်းသည်။

UOB ဘဏ်သည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်ပြုခဲ့သော နိုင်ငံခြားဘဏ် ၉ ခုတွင် တစ်ခုအပါဝင် ဖြစ်သည်။

Oriental News

No comments:

Post a Comment