Friday, April 3, 2015

သေမင်းတမန်လမ်းပြီးတော့ အခုလာပြန်ပြီ သေနှုန်းမြင့်လမ်းဖောက်ဦးမယ်ဆိုလား


တရုတ်ကုမ္ပဏီ အကူအညီနဲ့ မြန်နှုန်းမြင့် မီးရထားလမ်းဖောက်မယ် လို့ဆို
ရန်ကုန်မြို့မှ မန္တလေးမြို့သို့ သွားလာနိုင်မယ့် မြန်နှုန်းမြင့် မီးရထားလမ်းကို တရုတ်ကုမ္ပဏီတစ်ခုရဲ့ အကူအညီနဲ့ ပူးပေါင်းဖောက်လုပ်သွားမယ်လို့ မြန်မာ့မီးရထား (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ဖို့အစီအစဉ် ရှိပေမယ့် တရုတ်ကုမ္ပဏီဘက်က ဘယ်လို ကူညီမလဲဆိုတာကို ဆွေးနွေးနေဆဲ ဖြစ်တာကြောင့် ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ သူက ဆက်လက်ပြောဆို ပါတယ်။

“လမ်းသစ်တွေ ဖောက်ပြီး မြန်နှုန်းမြင့်ရထားတွေ ဝယ်ယူပြေးဆွဲမှာပါ။ သူတို့ဘက်က ဘယ်လိုပုံစံနဲ့ အကူအညီပေးမလဲ ဆိုတာ ဝန်ကြီးဌာနအနေနဲ့ ဆွေးနွေးဆဲအဆင့်ပဲ ရှိသေးတယ်။ ချေးငွေနဲ့ လုပ်မှာဆိုရင် ဘတ်ဂျက်အခြေအနေက ကြည့်ရဦးမယ်။ သူတို့ဘက်က အစအဆုံး လုပ်ပေးမယ်ဆိုရင်တော့ မြန်မြန် အကောင်အထည် ဖော်နိုင်တယ်” လို့ သူက ဆိုထားပါတယ်။


မြန်မာ့မီးရထားမှ လက်ထောက်အင်ဂျင်နီယာ တစ်ဦးကမူ “ မြန်နှုန်းမြင့်ရယ်လို့ မဟုတ်ဘဲ လက်ရှိ ရှိနေတဲ့ လမ်းတွေကိုပဲ အဆင့်မြှင့်လိုက်ရင်ကို လူတွေ တော်တော်လေး ပြန်စီးလာကြမယ်။ အရင်က လမ်းတွေကောင်းတယ်။ နောက်တော့ လမ်းတွေမကောင်းတော့ တွဲတွေပျက်တယ်။ အခု တွဲရော လမ်းရောမကောင်းတော့ လူတွေ သိပ်မစီးကြတော့ဘူး။ ကျွန်တော့်သဘော ကတော့ အဆင့်မြင့် မြန်နှုန်းမြင့်ရထား မဟုတ်ဘဲ လက်ရှိရထားလမ်းတွေကို အဆင့်မြင့်ပြီး တော်ရုံ မြန်နှုန်းလေးနဲ့ ဆိုရင်ကို လူတွေပြန်စီးလာကြမှာပါ” လို့ သူ့အမြင်ကို ပြောဆိုပါတယ်

No comments:

Post a Comment