Friday, April 10, 2015

တရုတ်မြန်မာ သံတမန်ဆက်ဆံမှု ဗုဒ္ဓအမွေအနှစ်ဓာတ်ပုံပြပွဲလုပ်

တရုတ်မြန်မာ သံတမန်ဆက်ဆံမှု ဗုဒ္ဓအမွေအနှစ်ဓာတ်ပုံပြပွဲလုပ်
April 10, 2015

တရုတ်မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၆၅နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းမှာ ဗုဒ္ဓအမွေအနှစ် ဓာတ်ပုံပြပွဲကို ဧပြီ ၈ရက်ကနေ ၁ဝရက်နေ့အထိ ပြသနေပါတယ်။ သံခင်းတမန်ခင်းချစ်ကြည်ရေးနဲ့ ဗုဒ္ဓအမွေအနှစ်ပြပွဲ ဘယ်လို ဆက်နွယ်နေပါသလဲ။

 မြန်မာပြည်ဟာ ဗုဒ္ဓသာသနာ ထွန်းကားတဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း ဗုဒ္ဓရဲ့ကျမ်းစာတွေကို အနောက်ဖက်ကို ခရီးထွက်ပြီး ဘုန်းတော်ကြီးတွေ လေ့လာခဲ့တဲ့ဖြစ်ရပ်အပါအဝင် နှစ်နိုင်ငံကြား ဗုဒ္ဓဘာသာဆိုင်ရာ အစဉ်အလာကြီးမားခဲ့တာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးပါတယ်လို့ ဦးခေမာဝံသက မိန့်ပါတယ်။


တရုတ်နိုင်ငံက ဗုဒ္ဓရဲ့စွယ်တော်မြတ်ကို မြန်မာနိုင်ငံဆီ ၄ကြိမ်တိုင်တိုင် လာရောက်အဖူးမြော်ခံခဲ့ပြီးပြီဆိုတဲ့ သမိုင်းကြောင်းလည်း ပြပွဲမှာ ဖော်ပြထားပါတယ်။ တရုတ်-မြန်မာချစ်ကြည်ရေးအသင်းက ဦးဆောင်ကျင်းပတဲ့ ဒီပြပွဲမှာ နှစ်နိုင်ငံကြား ဘာသာရေးဆိုင်ရာသမိုင်းတွေမှာ ဆက်စပ်မှုရှိတာတွေကိုလည်း ဖော်ပြထားပါတယ်။

 မြန်မာပြည်အနှံ့အပြားက နာမည်ကြီး စေတီပုထိုးတွေဖြစ်တဲ့ ပြည် ထုံးဘိုက အကောက်တောင်၊ ကရင်ပြည်နယ်က ကော့ကွန်းဂူ၊ ကချင်ပြည် မိုးညှင်းက ရွှေမဉ္ဇူ၊ ကယားပြည်နယ် တောင်ကွဲ၊ ရှမ်းပြည်က မွေတော်ကက္ကူစေတီတွေအပါအဝင် ဓာတ်ပုံပေါင်း ၆ဝလောက် ပြသထားပါတယ်။
သူမသိသေးတဲ့ စေတီပုထိုးတွေကို ဖူးမြော်ရတာမို့ စိတ်ကြည်နူးရပါတယ်လို့ ဆိုလာသူ ဒေါ်တင်ဝင်းက ဒီဓာတ်ပုံပြပွဲကို ကြည့်ရင်း မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ချင်စိတ်ဖြစ်လာတယ်လို့ ပြောပါတယ်။

Kamayut Media

No comments:

Post a Comment