Wednesday, April 22, 2015

ကိုးကန့်တိမ်းရှောင် အဖွဲ့ဝင်များ၏ အဓိက နေရာတစ်ခုလုံးကို တင့်ကား ၁၄၇စီးဖြင့် မြန်မာ့တပ်မတော်က သိမ်းပိုက်

21.4.2015

တပ်မ ၆၆ လက်အောက်ခံ စစ်ကြောင်းများသည် ကိုးကန့် ဒေသအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ၂၀၁၅ ဖေဖော်ဝါရီလမှ ဧပြီလ ၁၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၅၃ ကြိမ်ဖြစ်ပွားပြီး အရေးပါသည့် ဗျူဟာကုန်းများကို သိမ်းပိုက်ရရှိခဲ့သည်။


 ကိုးကန့် တိမ်းရှောင် အဖွဲ့ဝင်များ အဓိက အခြေပြုထားသည့် ပါစင်ကျော် အရှေ့မြောက်ဘက် ဒေသများကို တပ်မတော် စစ်ကြောင်းများက သင်္ကြန်ကာလအတွင်း သံချပ်ကာ တိုက်ယာဉ် ၁၄၇ စီး အပါအ၀င် လက်နက်ကြီး ပစ်ကူများ ရယူပြီး တိုက်ခိုက်ခဲ့သည်။

ကိုးကန့် သောင်းကျန်းသူများကလည်း ပေ ၅၀၀၀ကျော် မြင့်မားသည့် ပွိုင့် ၁၅၈၄ တောင်ကုန်းအား အခိုင်အမာ ဘန်ကာများ ပြုလုပ်ပြီး၊ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ စနိုက်ပါများ၊ စက်လက်များ၊ လက်ပစ်ဗုံးများ၊ အာပီဂျီများ အသုံးပြုကာ အဆင့်ဆင့် ခုခံခဲ့သည်။ သို့သော် လှံစွပ်ထိုး တိုက်ခိုက်မှု ၄၆ကြိမ်၊ ခုခံတိုက်ခိုက်မှု ၃၂ကြိမ် ပြုလုပ်ပြီးနောက် စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့သည်။



ပွိုင့် ၁၅၈၄ တောင်ကုန်းကို သိမ်းပိုက်ပြီးနောက် အရေးပါသည့် ပွိုင့် ၁၅၈၆၊ ပွိုင့် ၁၈၄၅ တို့ကို ဆက်တိုက်ရယူပြီး၊ အရေးပါသည့် စင်းရွှေထန် ကျေးရွာကို ဆက်လက် သိမ်းပိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် မလိုအပ်ဘဲ တရုတ်နိုင်ငံဘက်သို့ လက်နက်ကျည် မကျရောက်စေရန် သံချပ်ကာ တိုက်ယာဉ်များ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဘက်စုံသုံး ဒုံးကျည် ပစ်ခတ်မှု စနစ်ကိုလည်း သုံးစွဲခဲ့ကြောင်း တပ်မတော် အရာရှိကြီး တစ်ဦးမှ အတည်ပြု ပြောကြားခဲ့သည်။

Tomorrow News Journal

No comments:

Post a Comment