Monday, April 20, 2015
မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရစစ်တပ်တို
့ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ လာမယ့် မေလ ၁ ရက်နေ့ ၊
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် စတင်
ကျင်းပမယ့် လက်နက်ကိုင် တိုင်းရင်းသား ညီလာခံကို ကိုးကန့်၊ ရခိုင်နဲ့
တအာင်း လွတ်မြောက်ရေး တပ်မတော်တို့ကို မဖိတ်ကြားဖို့ အစိုးရက တားမြစ်ထားတယ်လို့ UWSA တာဝန်ရှိ သူတွေက ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ NCCT ကတော့ အပစ်ရပ် သဘောတူညီချက်ကနေ AA ရက္ခိုင့်တပ်မတော်
၊ MNDAA ကိုးကန့်အဖွဲ့ကို ထုတ်ပယ်ပစ်မယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စ
မအောင်မြင်နိုင်ကြောင်း ပြောဆိုခဲ့သလို၊ ညီညွတ်သော
တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC ကလည်း ကိုးကန့်တပ်ဖွဲ့နဲ့
အပစ်ရပ်ဖို့ သမ္မတ ဦးသိန်းစိန်ထံကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
RFA
No comments:
Post a Comment