Monday, April 6, 2015

ကိုးကန့်ဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျှင် အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် အခက်တွေ့နိုင်ဟု ENAC ဆို


6.4.2015
မြန်မာ့တပ်မတော်နှင့်ကိုးကန့်တိမ်းရှောင်အဖွဲ့(MNDAA)တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်(NCA)လက်မှတ်ရေးထိုးရန်အခက်အခဲတွေ့နိုင်ကြောင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာဌာန(ENAC)က ဧပြီ ၄ရက်စွဲဖြင့် ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။


၂၀၁၃ခုနှစ်က ဖွဲ့စည်းခဲ့သော ထိုင်းနိုင်ငံအခြေစိုက် ENAC သည် မြန်မာ့ငြိမ်း ချမ်းရေးဖြစ်စဉ်ကိုအစဉ်တစိုက်လေ့လာစောင့်ကြည့်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ENACကNCAကိုလာမည့်ဧပြီလအတွင်းလက်မှတ်ရေးထိုးနိုင်ရန် မဖြစ်နိုင်သည့်အချက်လေးချက်ကိုသုံးသပ်ဖော်ပြထားသည့် ထုတ်ပြန်ချက် ကို ဧပြီ ၄ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းအချက်များတွင်မြန်မာ့တပ်မတော်က MNDAA နှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင်လေကြောင်းကို အသုံးပြုခဲ့ပြီး စစ်ရေး တိုးမြှင့်နေကြောင်းဖော်
ပြ ထားသည်။

MNDAAသည်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့
(NCCT)တွင်ပါဝင်ပြီးညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)တွင်လည်း ပါဝင်ကြောင်း ENAC က ဆိုသည်။ ယင်းအတွက်ကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များအနေဖြင့် MNDAA ကို ပစ်ပယ်၍ NCA လက်မှတ်ရေး ထိုးရန် အခက်အခဲရှိနိုင်ကြောင်း သုံးသပ်ထားသည်။

NCA ကို မေလအတွင်း၌သာ အစောဆုံးလက်မှတ်ရေးထိုးနိုင် မည်ဖြစ်ကြောင်းနှင့် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရမည့်အဖွဲ့အစည်းနှင့် အသိသက်သေ များကို ဆက်လက်ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း သုံးသပ်ပါရှိသည်။ NCAကို အပြီးသတ်လက်မှတ်မရေးထိုးနိုင်သေးသော် လည်းပမာဏအဆင့်သဘောတူထားနိုင်ခြင်းသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများအတွက် မရှိမဖြစ်လိုအပ်သော အဆင့်ဖြစ်ကြောင်းလည်း ENAC က ထုတ်ပြန်သည်။

7 Day Daily

No comments:

Post a Comment