ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အထူး ကိုယ်စားလှယ် အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့သို့ ဧပြီ ၁ ရက်မှ ၂ ရက်အထိ သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ
ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံ
ခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ များ လိုက်ပါခဲ့ကြသည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ပေကျင်းမြို့၌ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ လီယွန်ချောင်နှင့် ပြည်သူ့ ခန်းမဆောင်ကြီးတွင် လည်း ကောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တရုတ်နိုင်ငံခြား ရေး ဝန်ကြီးဌာနတွင် လည်းကောင်း၊ တွေ့ဆုံဆွေးနွေးခဲ့ သည်။
အဖွဲ့ဝင် အဖြစ် လိုက်ပါ လာသော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ လက်ထောက် စစ်ဦးစီး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မာယိမင်နှင့်လည်းကောင်း၊ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဖန်ဖန်းဝေ နှင့်လည်းကောင်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုများအတွင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုက်ပွဲ များနှင့် ဆက်စပ်၍ မတ် ၁၃ ရက် ဖြစ်စဉ်တွင် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်၊ တာ့ရွှေရှန်းထု ကျေးရွာအနီးနှင့် ကြံစိုက်ခင်းတို့ ၌ မြန်မာ့တပ်မတော် ဗုံးမတော် တဆ ကျရောက်မှုကြောင့် တရုတ် နိုင်ငံသား ငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ ရှိခဲ့ခြင်းအတွက် မြန်မာ အစိုးရနှင့် တပ်မတော် ကိုယ်စား တောင်းပန် စကား
ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် သေဆုံး ထိခိုက်ဒဏ်ရာရရှိသူများအား ထိုက် သင့်သည့် ပေးလျော်မှုများ ပြုလုပ် သွားရေးကိုလည်း နှစ်ဖက်ဆက် လက် ဆွေးနွေးသွားရန် သဘော တူညီခဲ့ကြသည်။
ယင်းမတော်တဆ ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးတွေ့ရှိ ချက်များအပေါ် မူတည်၍ သင့် လျော်သည့် အရေးယူဆောင်ရွက် မှုများကို ဆက်လက်ပြု လုပ်သွား မည်ဖြစ်သည်။ အလားတူဖြစ်ရပ် များ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်း ဆောင်ရွက် သွားရန်လည်း နှစ်ဖက် သဘောတူညီခဲ့ကြ သည်။
ထို့ပြင် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် အပေါ် အခြေခံ၍ နှစ်နိုင်ငံ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်အဟုန် မပျက် ဆက်လက်ဆောင် ရွက်သွား ကြမည်ဖြစ်ကြောင်း သဘောတူညီ ခဲ့ကြသည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ရန်ကုန်မြို့သို့ ဧပြီ ၃ ရက် နံနက် ပိုင်းတွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI

No comments:
Post a Comment