10.4.2015
လောက်ကိုင်ဒေသ
တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာ ကာကွယ် စောင့်ရှောက်နိုင်
ရန်အတွက် တပ်မတော်အနေဖြင့် လိုအပ်သော အုပ်ချုပ်ထောက်ပံ့မှုနှင့်
အင်အားဖြည့်တင်းခြင်းကို လေယာဉ်၊ ရဟတ် ယာဉ်၊ မော်တော် ယာဉ်များ အသုံးပြု၍
ဆောင်ရွက်ခဲ့ပြီး ပစ်ကူပစ်အား အတွက် လေကြောင်း ပစ်ကူ၊
လက်နက်ကြီးပစ်ကူများကို အပြည့်အဝ အသုံးပြု ၍ ကိုးကန့်သောင်းကျန်းသူများအား
တိုက်ခိုက်ချေမှုန်းခဲ့သည်။ ထိုသို့ တပ်မတော်စစ်ကြောင်းများက
တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းကြောင့် ဧပြီ ၈ ရက်တွင် ပွိုင့်-၁၈၄၅
တောင်ကုန်းအား သိမ်းပိုက်ရရှိပြီး ယနေ့ထိ သောင်းကျန်းသူ
အခိုင်အမာအခြေပြုစခန်း ၂၀ ကျော်အား သိမ်းပိုက်ရရှိခဲ့ ကာ လောက်ကိုင်ဒေ သ၏
စစ်ဗျူဟာအရေးကြီးနေရာ အများစုနှင့် ဆက်သွယ်ရေး လမ်းကြောင်း များအား
သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့သည်။
တပ်မတော်စစ်ကြောင်းများက
ပါစင်ကျော်ကျေးရွာ၏ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူ များ
အခိုင်အမာခံစစ်တည်ဆောက် ၍ ခြေကုပ်ယူ ထား သော စစ်ဗျူဟာအရ အရေးကြီးသည့်
ပွိုင့်-၁၈၄၅ တောင်ကုန်းအား ဧပြီ ၈ ရက် နံနက်ပိုင်းမှစတင်၍ လက်နက်ကြီး
ပစ်ကူ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူ များဖြင့် ဟန်ချက်ညီညီ အဆင့်ဆင့်တိုက်ခိုက်
ချေမှုန်းခဲ့ရာ တိုက်ပွဲများပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီး နံနက် ၁၁
နာရီတွင် အောင်မြင်စွာဖြင့် သိမ်းပိုက် ရရှိခဲ့သည်။
တစ်ချိန်တည်းတွင်
ပါစင်ကျော်ကျေးရွာ နှင့် ဘီပီ ၁၃၇ သွား ကားလမ်း ၏ မြောက်ဘက်ရှိ
ပွိုင့်-၁၅၈၄ တောင်ကုန်း၊ တာကထန်ကျေးရွာ မြောက် ဘက်ရှိတောင်ကုန်း၊
မာလီရှူးဝါးကျေး ရွာ အရှေ့ဘက်ရှိ ပွိုင့်-၁၇၅၃နှင့် တာရွှေကျင်ကျေးရွာ
အရှေ့ဘက်ရှိ တောင်ကုန်းတို့တွင် အခိုင်အမာ အခြေပြုထားသည့်
ကိုးကန့်သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်း များက
လက်နက်ကြီးပစ်ကူများ၊ သံချပ်ကာတိုက်ယာဉ် ပစ်ကူများရယူ၍
တိုက်ခိုက်ချေမှုန်းခဲ့ရာ ကိုးကန့်သောင်းကျန်းသူများမှ လက်နက်ကြီး၊
လက်နက်ငယ်များဖြင့် ပြန်လည်ခုခံ တိုက်ခိုက်လျက်ရှိပြီး တပ်မတော်
စစ်ကြောင်းများက အဆင့်ဆင့်ခြေကုပ်ယူ ၍ သောင်းကျန်းသူ များအား
ရင်ဆိုင်ထိန်းချုပ် ထားလျက်ရှိသည်။
အဆိုပါဖြစ်စဉ်များတွင် တပ်မတော်မှ
အရာရှိ၊စစ်သည် ၁၀ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူခဲ့ကာ အရာရှိ၊ စစ်သည် ၆၂
ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပွိုင့်-၁၈၄၅ တောင်ကုန်းသည် ပေ ၆၀၀၀ ကျော် မြင့်မားပြီး တစ်ဘက်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် မီတာ ၄၀၀၀ ခန့်အကွာတွင် တည်ရှိသည်။
အဆိုပါတောင်ကုန်းမှာ ၎င်းဒေသတစ်ဝိုက်တွင် အမြင့်ဆုံးတောင်ကြောဖြစ် သည့် အပြင်
ဒေသတစ်ခုလုံးကို ဗဟိုကျကျ စိုးမိုးလျက်ရှိပြီး လောက်ကိုင်-ချင်းရွှေဟော်
ကားလမ်း အားလည်းကောင်း၊ ပါစင်ကျော်-ဘီပီ ၁၃၇ ကားလမ်းအား လည်းကောင်း၊
နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအား လည်းကောင်း၊ ပတ်ဝန်းကျင်တစ်ဝိုက်အား
လည်းကောင်း မြေ အနေအထား အရ ကောင်းမွန်စွာ စိုးမိုးထား လျက်ရှိသည်။
ယင်းတောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ကိုးကန့်
သောင်းကျန်းသူများက မတ်စောက်သောတောင်စောင်းများ တစ်လျှောက်အဆင့်ဆင့်
ခံစစ်နေ ရာများပြင်ဆင်၍ ပုံသေပစ်ကြောင်း များဖြင့် ခုခံ တိုက်ခိုက်ခြင်း၊
သဘာဝမြေ အနေအထား၏ အားသာချက်ကို ရယူ၍ လက်နက်ကြီးများ၊ လက်ပစ်ဗုံးများ၊
တိုက်မိုင်းများ၊ ကြီးကြပ်မိုင်း များဖြင့် ပြင်းထန်စွာ ပြန်လည်
ခုခံတိုက်ခိုက် ခဲ့သည်။ သို့သော် တပ်မတော် စစ်ကြောင်းများက ထိရောက်
ဟန်ချက်ညီသော ပစ်ကူပစ်အား ရယူ၍ မတ်စောက်သော ကျောက်တောင် နံရံများအား ကျား
ကုတ်ကျားခဲ တက်ရောက်ကာ အသက်ကိုပဓာနမထားဘဲ တိုက်ခိုက်ချေမှုန်း ခဲ့ခြင်း
ကြောင့်သာ အောင်မြင်စွာ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ် သည်။
အဆိုပါပွိုင့်-၁၈၄၅ တောင်ကုန်းတွင် ကိုးကန့်သောင်းကျန်းသူအင်အား ၂၀၀ ဦးခန့်
နေ ထိုင်နိုင်သော လူနေတဲများ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ ဆက်သွယ်ရေး
မြောင်းများ၊ ဗုံးခိုကျင်းများ၊ အသုံးအဆောင်ပစ္စည်းများအား
သိမ်းဆည်းရမိခဲ့သည်။ ယင်းတောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့ခြင်းကြောင့်
ပတ်ဝန်းကျင်ရှိ ဆက်သွယ်ရေး လမ်းကြောင်းများအား စိုးမိုးလျက် ရှိသော
တောင်ကုန်းများနှင့်သောင်းကျန်းသူများ ခိုအောင်း နိုင်သောနေ ရာများကို
ထိန်းချုပ်ထားနိုင်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ၎င်းနေရာ အား ခြေကုပ်ယူ၍
ပတ်ဝန်းကျင်နေရာများသို့ ဆက်လက်အောင်မြေချဲ့ တိုက်ခိုက် ဆောင်ရွက်
သွားနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI
No comments:
Post a Comment