Friday, April 17, 2015

လောက်ကိုင်ဒေသ တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွား၊ ကိုးကန့် ၇၀ ကျော်သေဆုံး

၁၇-၁၀-၂၀၁၅

လောက်ကိုင်ဒေသတွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီလ ၁၆ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကိုးကန့် ၇၄ ဦး သေဆုံး တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈၉ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၁၆ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံလည်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းမိ/ အလင်းဝင်တဲ့ ကိုးကန့် ၂၂ ဦးရှိတယ်လို့ ဆိုပါတယ်။


ဦးဖုန်ကြားရှင်ခေါင်းဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် (အမ်အန်ဒီအေအေ) ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ အစိုးရတပ်တွေအကြား ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့တာပါ။

၂ လကျော်ကြာတိုက်ပွဲတွေအတွင်း အစိုးရဘက်က တပ်သားစုစုပေါင်း ဘယ်လောက်ထိ ကျဆုံးဒဏ်ရာရတယ်လို့ အစိုးရကကြေညာခြင်းမရှိသေးပါဘူး။ အမ်အန်ဒီအေအေ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့ အစိုးရတပ်ဘက်က သေဆုံးဒဏ်ရာရသူ အများ အပြားရှိတယ်လို့ ပြောပါတယ်။
“တိုက်ပွဲအစကနေ ခုထက်ထိကတော့ ဗမာ့တပ်မတော်ဘက်ကနေ ၁၈၀၀ ပတ်ဝန်းကျင်လောက်ရှိမယ် သေတာနဲ့ဒဏ်ရာရတာနဲ့ပေါ့နော်၊ ကျနော်တို့ဘက်က တော့ ကျနော်မှတ်မိသလောက် ပေါင်းလိုက်ရင် ၆၀ ကျော် ၇၀ လောက်ရှိမယ်” လို့ပြောပါတယ်။

သင်္ကြန်တွင်းကာလအတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ကိုးကန့်ခံစစ် အခြေပြုထားတဲ့ ပါစင်ကျော်ကျေးရွာအနီး အရေးပါတဲ့ တောင်ကုန်းတွေကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး လောက်ကိုင်ဒေသတခုလုံးရဲ့ အဓိကအချက်အခြာကျနယ်မြေတွေကို သိမ်းပိုက်ထိန်း ချုပ်နိုင်ပြီလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

DVB

No comments:

Post a Comment