Monday, April 13, 2015

မံစီမြို့နယ် အတွင်း တစ်ဖက် နိုင်ငံသို့ ခိုးထုတ်မည့် သစ်တင်ယာဉ်များ ထပ်မံ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၁၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း မြန်မာ့ အဖိုးတန် သစ်များကို တစ်ဖက်နိုင်ငံသို့ တရား မဝင် ခိုးထုတ်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက်မှ ၂၃ ရက်ထိ သစ်တင်ယာဉ် ၂၇ စီးကို သစ်များ နှင့်အတူ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက ဆက်လက်နယ်မြေ ရှင်းလင်း ဆောင်ရွက်ခဲ့ရာ မတ် ၂၈ ရက်မှ ၃၁ ရက်ထိ လူစီးယာဉ် ၁ စီးနှင့် သစ်များ တင်ဆောင် ထားသည့် ယာဉ် ၂၃ စီးကို ထပ်မံ သိမ်းဆည်း ရမိခဲ့သည်။


နိုင်ငံတော်၏ သယံဇာတများအား မသမာသူများက နည်းလမ်း မျိုးစုံဖြင့် ခိုးထုတ် နေမှုများကို တပ်မတော်မှ တားဆီး ကာကွယ်လျက်ရှိရာ ကချင်ပြည်နယ် မံစီမြို့နယ် အတွင်းရှိ မြန်မာ့ အဖိုးတန်သစ်များကို တစ်ဖက်နိုင်ငံသို့ ခိုးထုတ် သယ်ယူမှုများအား တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်း ဖမ်းဆီး ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း လူစီးယာဉ် ၁ စီး၊ သစ်တင်ယာဉ် ၄၉ စီးနှင့် သစ်မျိုးစုံ ၆၅၉ တန်ခန့်အား သိမ်းဆည်း ရမိခဲ့ကြောင်း သတင်း ရရှိသည်။



မြ၀တီ
Photo : original uploader

No comments:

Post a Comment