Sunday, April 12, 2015

တရုတ်သူလျှိုဟု ယူဆရသူတစ်ဦးကို ဖမ်းဆီးရမိ။

ဧပြီ (၁၂) လောက်ကိုင်၊ စိုင်းမောဝ်
ဦးချိန်ကျင်းယုံ

ယနေ့  ဧပြီလ ၁၂ ရက်နေ့  နံနက်ပိုင်းတွင် လောက်ကိုင်မြို့ နယ်လုံခြုံရေး
တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ ဝင်များက မသင်္ကာဖွယ်ရာလူတစ်ဦးကို
တွေ့ ရှိခဲ့သဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စေလွှတ်
ထားသူဖြစ်ပြီး လောက်ကိုင်မြို့ နှင့်တပ်မတော်၏ အရေးကြီးဓါတ်ပုံများကို
ရိုက်ကူးထားကြောင်း တွေ့ ရှိခဲ့ရသည်ဟု တပ်မတော်နှင့်နီးစပ်သော အသိုင်း အ၀ိုင်းထံမှ သိရသည်။ 



စစ်ဆေးချက်များအရ အဆိုပါပုဂ္ဂိုလ်သည် ဦးချိန်ကျင်းယုံ၊ အသက် (၅၁) နှစ် ဖြစ်ပြီး BP-125 နယ်ခြားမှတ်တိုင်မှ မြန်မာနိုင်ငံ၊ လောက်ကိုင်ဒေသ ထဲသို့  တရားမ၀င် ခိုးဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ လောက်ကိုင်မြို့ တွင်း၌
တပ်မတော်က လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေပုံနှင့် မြို့ အနေအထား များကို ဓါတ်ပုံရိုက်ကူးထားသည်ကိုတွေ့ ရှိရကြောင်း၊ ဆက်လက်စစ်ဆေး
မေးမြန်းနေကြောင်း တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မိမိအား တရုတ်နိုင်ငံ၊ နန်ဆမ်မြို့ ရှိ ပုဂ္ဂိုလ်တစ်ဦးက လောက်ကိုင်
မြို့ တွင်း တပ်မတော်လှုပ်ရှားမှုများကို ဓါတ်ပုံရိုက်ကူးစေကြောင်း၊ ပုံကောင်း ရလျင် ပိုက်ဆံကောင်းကောင်းမေးမည်ဖြစ်ကြောင်း ပြောသည်ဟု ဦးချိန်ကျင်းယုံ က စစ်ဆေးမေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရ သည်။
ဦးချိန်ကျင်းယုံသည် သတင်းထောက်ကဒ်ပြားဟု ယူဆရသော စိစစ်ရေးကဒ်ပြားအား ကိုင်ဆောင်ထားပြီး ၄င်းကို လောက်ကိုင်မြို့ မရဲစခန်း၌ ဆက်လက်စစ်ဆေးမေးမြန်းနေကြောင်း တပ်မတော်နှင့်နီးစပ်သော အသိုင်းအ၀ိုင်းက ပြောပြသည်။

ShanNewsDaily
ဦးချိန်ကျင်းယုံ ကိုင်ဆောင်ထားသော ကဒ်ပြားတစ်ခု

No comments:

Post a Comment