Tuesday, April 21, 2015

လက်ပံတောင်းကိစ္စ သမ္မတ သိန်းစိန်၏ အရှုပ်တော်ပုံ (ဂိုလ်ရှယ်လေး)

ကြေးနီစီမံကိန်း၏ အမှန် မူရင်းစာချုပ်တွင် နိုင်ငံတော်နှင့် ချုပ်ဆိုထားသော စာချုပ်မဟုတ်ပါ ကြေနီစီမံကိန်း ၂၀၁၂ ထု နိ...ုဝင်ဘာလ (၂၉) ရက်နေ့ တွင် မီးလောင်ဗုံးဟု အများက ယူဆသော ဗုံးများဖြင့် သံဃာတော်များနှင့် ဆန့်ကျင်ကန့်ကွက်သော ဒေသခံများအား အကြမ်းဖက် နှိမ်နင်းပြီးနောက် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ် ပေါ်ပေါက်ခဲ့ပြီး ၄င်းကော်မရှင်အား ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထံသို့ တရုတ်ပြည် CNPC ကုမဏီ နှင့် နိုင်ငံတော်အစိုးရ ၄င်းနောက် ဦးပိုင်လီမီတက်တို့ သုံးဦးသုံးဖလှယ် ချုပ်ဆိုထားသော စာချုပ်အတုတစ်ခုအား တင်ပြခဲ့သည်။

အမှန်ဆိုရသော် လက်ပံတောင်း မူရင်းကနဦးစာချုပ်တွင် အထက်ဖေါ်ပြခဲ့သော တရုတ်ပြည်မှ ကုမဏီနှင့် ဦးပိုင်တို့သာ ချုပ်ဆိုထားသော စာချုပ်သာ အစစ်ဖြစ်ခဲ့ပြီး နိုင်ငံတော် နှင့် အပါဝင် ချုပ်ဆိုထားသော စာချုပ်မဟုတ်ခဲ့ပါ သို့ရာတွင် နိုင်ငံတော်မှ အဆိုပါ လက်ပံတောင်းကြေးနီ သတ္တုတွင်း၏ ထုတ်လုပ်မှု ပမာနအရ အကောက်ခွန် (၅) နှစ်တာ ကင်းလွတ်ခွင့် ပြုထားပြီး (၅)နှစ်နောက်ပိုင်းမှသာ ထုတ်လုပ်မှု မမာဏအလိုက်အမြတ်ငွေမှ (၃) ရာနုံန်းကိုသာ နိုင်ငံတော်မှ အခွန်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း မူရင်းစာချုပ်တွင် ထည့်သွင်းထား၏။


အဆိုပါ ကြေးနီထုတ်လုပ်မှု လုပ်ငန်းတွင် ဦးဆောင်လုပ်ကိုင်နေသော ဦးပိုင် လီမီတက်မှ လုံခြုံရေးအင်အားဖြင့် အထက်ဖေါ်ပြပါ ၂၀၁၂ ခုနှစ်တွင် အကြမ်းဖက် ဖြေရှုင်းခဲ့ရာမှ သံဃာတော်များ ဆိုးဆိုးဝါးဝါး ဒဏ်ရာများရရှိခဲ့သော အကြောင်းချင်းရာကြောင့် စစ်ဘက်ဆိုင်ရာ လက်အောက် အရာရှိများအချို့နှင့် ဦးသိန်းစိန် အစိုးရအဖွဲ့တို့တွင် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်။ သို့ကြောင့် သမ္မတ ဦးသိန်းစိန်မှ ၄င်းဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီ အတွင်း ပြန်လည် ထိန်းညှိမှုများလုပ်ခဲ့ရပြီး သဘောထားကွဲလွဲမှုများကို အစုရှယ်ယာထည့်ဝင်ခြင်းဖြင့် ပြန်လည် ချုပ်နှောင်ထားကြောင်း သိရသည်။

ထိုသို့ ဦးသိန်းစိန်၏ အစီစဉ်အရ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီဝင်များ သော်၎င်း နိုင်ငံတော် ၀န်ကြီးအဆင့်ရှိသူ ပြည်ခိုင်ဖြိုး ပါတီဝင်မှ ပုဂ္ဂိုလ် များ တစ်ဦးချင်း ကျပ်ငွေ သိန်းပေါင်း တစ်ထောင် မထည့်မနေရ အစီစဉ်ဖြင့် ထည့်သွင်းခဲ့ရပြီး စုစုပေါင်း ပြည်ခိုင်ဖြိုးပါတီဝင် ဗဟိုအဆင့်နှင့် ၀န်ကြီးများ အဆင့်မှ ကျပ်ငွေ သိန်းပေါင်း ကိုးသောင်း ရှစ်ထောင် ထည့်ဝင်စေခဲ့ပြီး တပ်မတော် အကြီးကဲဖြစ်သူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှလည်း တပ်မတော် ထိပ်တန်းအရာရှိအားလုံး သိန်းပေါင်း တစ်ထောင် အစုရှယ်ယာ ထည့်သွင်းရမည်ဟု လျှို့ဝှက် အမိန့်ထုတ်ခဲ့ပြီး အဆိုပါ အမိန့်အရ တပ်မတော်တွင်း ဗိုလ်ချုပ်ကြီး အဆင်မှ ဒုဗိုလ်မှူးကြီး အဆင်ထိ အားလုံး အစုရှယ်ယာများ ထည့်ဝင်ထားကြောင်း သိရသည်။

တပ်မတော်ဘက်မှ ထည့်ဝင်သော အစုရှယ်မှာ စုစုပေါင်း ကျပ်ငွေ သန်းပေါင်း (၄) ဘီလီယံခန့် ရှိကြောင်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးမှ စာရေးသူအားပြောပြလေသည်။

သို့ကြောင့် ကြေးနီစီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းလုပ်ဆောင်ရာတွင် ယခင်ကထက်ပင် ဦးပိုင်ကုမဏီ၏ နောက်တွင် အစိုးရ ၀န်ကြီးများ၏ အစုရှယ်ယာများ တပ်မတော် အရာရှိများ၏ အစုရှယ်ယာများ တိုက်ရိုက် ပါဝင်ပတ်သက်လာခြင်းကြောင့် စီမံကိန်းလုပ်ငန်းလုပ်ကိုင်မှုသည် ယခင်ကထက်ပင် ပို၍ ရဲတင်းစွာ အခွင့်ရေးချိုးဖေါက်မှုများ အကြမ်းဖက်မှုများ အပြင် ယခု လက်ရှိ ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ချေမှုန်းမှုများတွင် ရဲတပ်ဖွဲ လုံထိန်းတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့များ အားလုံး ၀ိုင်းရံ၍ ဒေသခံတို့အား တိုက်ရိုက် လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ် မြေသိမ်းယူမှုများ လုပ်ဆောင်လာကြောင်း တွေ့နိုင်ပါသည်။

သို့အပြင် လက်ပံတောင်းအရေးတွင် ဆန္ဒပြဦးဆောင်ခဲ့သော မသွဲ့သွဲ့ဝင်းနှင့် အချို့သော ရွာသူရွာသားများ ၂၀၁၂ ခုနှစ် မေလတွင်းက ဖမ်းဆီးခံရစဉ် ပြေလည်ရေးအတွက် ပြန်လည်လွတ်မြောက်အောင် ဆောင်ကျဉ်းပေးခဲ့သော (၈၈ ပွင့်လင်းလူ့အဖွဲ့စည်း) မှ ခေါင်းဆောင်ဖြစ်သူ ဦးဂျင်မီအား စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်မှ မြန်မာ ကျပ်ငွေ (၁၀)သိန်း ထောက်ပံ့လာဒ်ပေးခဲ့ပြီး လက်ပံတောင်း ဒေသခံများအား ဆက်လက်၍ ဆန့်ကျင်ကန့်ကွက်မှုများ မလုပ်ကိုင်ရန် ဆွယ်တရားဟောရန် ဆောင်၇ွက်စေခဲ့သည်။ ဦးဂျင်မီမှလည်း စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး၏ ဆန္ဒအတိုင်း ဆောင်ရွက်ကြောင်း ဒေသခံအချို့မှ စာရေးသူအား ပြောပြခဲ့လေသည်။

.လက်ရှိ ကြေးနီစီမံကိန်းနှင့် ဆက်စပ်တည်ရှိသော ပုလဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ သက်ဆိုင်ရာ ပြည်သူ့လွှတ်တော် အစည်းဝေးတွင်သော်၎င်း ကြေးနီစီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာ စောင့်ကြည့်မှု ကော်မတီကိုသော်၎င်း နိုင်ငံတော် သတ္တုတွင်းဝန်ကြီးဌာနကိုသော်၎င်း တင်ပြဆက်သွယ်သော်လည်း ၄င်းတို့ ဘက်မှ တစုံတရာ ပြန်လည် ဆက်သွယ်ခြင်း ပူးပေါင်း ဆောင်ရွက်ခြင်း ကျူးလွန်သော ရာဇ၀တ်မှုမြောက် အကြမ်းဖက်မှုများအား အရေးယူကိုင်တွယ် ဆောင်ရွက်ပေးခြင်းများ မရှိသော အခြေနေတွင် ရှိနေပြီး အမှန်စင်စစ်မှာ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပင် လက်ရှိ အစိုးရနှင့် လက်ပံတောင်းအရေး ပူးပေါင်း ဆောင်ရွက်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသော အခါသမယကပင် လိမ်လည်ခြင်း ခံခဲ့ရကြောင်း စာရေးသူ သိရှိရသည်။

သို့ကြောင့် လက်ပံတောင်းအရေး ဖြေရှုင်းရန် သို့မဟုတ် ဒေသခံများ ခံစားရသော ဆုံးရှုံးနစ်နာမှုများအား ဖေးမရန်မှာ အချိန်ကြာလာလေလေ ပို၍ လွယ်ကူနိုင်မှု လျော့နဲလာ လေလေ ဖြစ်နေသော အခြေနေသို့ ရောက်ရှိလာနေပြီဖြစ်လေသည်။
အဆုံးကောက်နုတ်ဆိုရသော် လက်ပံတောင်းကြေးနီစီမံကိန်း ပြသနာသည် နိုင်ငံတော် သမ္မတ အပါဝင် ပြည်ခိုင်ဖြိုးဗဟိုအဆင့်ပါတီဝင်များ ၀န်ကြီးများ နင့် တပ်မတော် အရာရှိများတို့ အစုရှယ်ယာထည့်ဝင်ကိုင်တွယ်ထားသော ဦးပိုင်ကုမဏီနှင့် တရုတ်ပြည် တို့သာ လုပ်ဆောင်ထားသည့် လုပ်ငန်းမဟုတ်ပဲ သမ္မတကိုယ်တိုင်အစု၇ှယ်ယာထည့်သွင်း၍ ၀င်ရောက် ရှုပ်ထွေးထားသော အရှုပ်တော်ပုံ စီမံကိန်းဖြစ်ကြောင်းပါ……….

စာဖတ်သူများကို ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ကြိုက်သလို ရှယ်သွားနိုင်ပါသည် သတင်းအတွက် တာဝန်ယူသည်/

No comments:

Post a Comment