မြန်မာနိုင်ငံကို
ဗြိတိသျှများ အုပ်ချုပ်စဉ်ကတည်းက တရုတ် မြန်မာ နယ်နိမိတ် ပြသနာမှာ
မပြတ်မသားဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရရှိသောအခါ နယ်နိမိတ် ပြသနာကို
နှစ်နိုင်ငံ ဖြေရှင်းခဲ့ကြရသည်။
၂၈-၁-၆၀ ရက်တွင် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ် ချစ်ကြည်ရေးနှင့် မကျူးကျော်ရေး သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုင်းနိုင်ခဲ့သည်။
၁-၁၀-၆၀ ရက်တွင် ဦးနုနှင့် ချူအင်လိုင်းတို့ မြန်မာ တရုတ်နယ်နိမိတ်စာချုပ်ကို ပီကင်းတွင်လက်မှတ် ရေးထိုးကြသည်။ စာချုပ်အရ မြန်မာနိုင်ငံက ဖိမော် ဂေါ်လန် ကန်ဖန်ဒေသ (၁၅၃ စတုရန်းကီလိုမီတာ) ကို တရုတ်ပြည်သို့ ပေးအပ်ရသည်။
တရုတ်ပြည်က ပိုင်ဆိုင်ပြီး မြန်မာပြည်သို့ အငှားချထားသော မိုင်းမော တြိဂံဒေသ (၂၂၀ စတုရန်းကီလိုမီတာ) ကို မြန်မာပြည်အား လွဲပြောင်းပေးခဲ့သည်။
မိုင်းမောဒေသ ဝနယ် နှင့် လဲလှယ်သောအားဖြင့် မြန်မာနိုင်ငံက တရုတ်သို့ ပန်းဟုန်းနှင့် ပန်လောင်းလူမျိုးများ အုပ်ချုပ်သည့် (၁၈၉ စတုရန်း ကီလိုမီတာ) ကို တရုတ်ပြည်သို့ ပေးရသည်။
၁၈ - ၆- ၄၁ တွင် ဗြိတိသျှတို့နှင့် သဘောတူညီချက်အရ လူဖန်ဒေသတွင် သတ္တုတူးဖော်ထုတ်ယူခွင့် ရရှိထားခြင်းအား တရုတ်နိုင်ငံက စွန့်လွတ်လိုက်သည်။
(ထုတ်ဝေသူ)
ဂါးဒီယန်းစိန်ဝင်း၏ အကွဲအပြဲဇာတ်လမ်း စာအုပ်မှ
နောက်ပိုင်းမှာ တရုတ်မြန်မာ နယ်ခြားမှတ်တိုင်စိုင်ထူရေးကို ဘဘ စစ်ဆင်ရေးဆိုပြီးလုပ်ခဲ့တယ်.... အဲဒီစာအုပ်လေး ဘယ်သူ မသွားလည်းမသိဘူး ပျောက်သွားတယ်... ဆိုင်မှာလိုက်ရှာတော့ မရှိတော့ဘူး.... တကယ်လို့ မိတ်ဆွေတွေမှာရှိရင် ငှားဖတ်ကြပါလား ပြန်ပေးမှာပါ
Soe Zeya Tun

No comments:
Post a Comment