ခြိုးခြံချွေတာရေးလမ်းစဉ်တွေကို ချိုးဖောက်မှု နဲ့ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းကစလို့ ဖော်ထုတ်အရေးယူခံရတဲ့ အရာရှိအရေအတွက်ဟာ တစ်သိန်းကျော်ရှိနေပြီလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးထိပ်တန်းအဖွဲ့ဖြစ်တဲ့ စည်းကမ်းတင်းကြပ်ရေးဗဟိုကော်မရှင်က တနလာင်္နေ့မှာ ပြောပါတယ်။
၂၀၁၄ ဒီဇင်ဘာလမှာပဲ အရေးယူခံရတဲ့ အရာရှိ ၅၃၄၀ဦးရှိခဲ့ပြီး နှစ်နှစ်အတွင်း စုစုပေါင်းဦးရေ ၁၀၂၁၆၈ ဦးရှိလာခဲ့တယ်လို့ ဆိုပါတယ်။
အရာရှိတွေအနေနဲ့ အစည်းအဝေးပွဲတွေကို အကျဉ်းရုံးပြုလုပ်ဖို့၊ အစိုးရအသုံး စရိတ်တွေ လျှော့ချဖို့ ၊ အိမ်ရာ နဲ့ ကားပိုင်ဆိုင်မှု ကန့်သတ်ချက်တွေကို လိုက်နာ ဖို့ စည်းကမ်းချက်တွေကို ၂၀၁၂ ဒီဇင်ဘာမှာ ပါတီက ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။
ပါတီဟာ အကျင့်ပျက်မှုသိမ်းကျုံးတိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခုကိုလည်း စတင် ခဲ့ပြီး ပါတီတွင်း ထိပ်တန်းအဖွဲ့ဝင်တွေ အပါအ၀င် အရာရှိ ထောင်ပေါင်းများစွာ ကို အမိဖမ်းနိုင်ခဲ့ပါတယ်။
ဘာသာပြန် - ယွန်းစန္ဒီနန်းမွန်
Ref: AP
Kumudra
No comments:
Post a Comment