![]() |
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ကို ဧပြီလ ၂ ရက်နေ့က ဘေကျင်းမြို့မှာတွေ့ရစဉ် |
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က
ဝန်ခံတောင်းပန်ခဲ့တာဖြစ်ပြီး၊ မြန်မာစစ်တပ်ဘက်က
ပစ်ချခဲ့တဲ့ဗုံးဖြစ်တာကြောင့် သေဆုံးခဲ့ရသူ တရုတ်နိုင်ငံသားတွေအတွက်
မြန်မာအစိုးရက တာဝန်ယူပေးဖို့ ကမ်းလှမ်းကြောင်းကိုလည်း တရုတ်အစိုးရပိုင်
ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ နှစ်ဘက်တာဝန်ရှိသူတွေရဲ့ ဆွေးနွေးချက်အပြည့်အစုံကို နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြန်လည်ရောက်ရှိမှ သတင်းအတိအကျထုတ်ပြန်မယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်၊
"လေယာဉ်တွေက မကျော်သွားပေမဲ့ ဗုံးက လေနဲ့မျှောပြီးတော့မှ ကျတယ်ဆိုတဲ့ဟာမျိုးတော့ ကျနော်အကြမ်းဖျင်း နားလည်ပါတယ်၊ အသေးစိတ် နည်းပညာဆိုင်ရာ အချက်အလက်တွေတော့ ကျနော် မဖတ်ရတော့ ပြောလို့မရဘူး၊ ခုတော့ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီးတော့မှ နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင်က ပေကျင်းမှာသွားပြီးတော့ တရုတ်နိုင်ငံခြားရေးဌာနက လူတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်၊ ဆွေးနွေးတဲ့ အကြောင်းအရာ စကားလုံးအတိအကျကတော့ သူပြန်လာမှပဲသိရမှာဖြစ်ပါတယ်"
ဒီပြသနာအတွက် နှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို မြန်မာဘက်က လက်ခံအသိအမှတ်ပြုကြောင်း၊ ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေနဲ့ တာဝန်ရှိသူတွေကို ဥပဒေကြောင်းအရ အရေးယူသွားမှာဖြစ်ကြောင်း၊ အလားတူဖြစ်ရပ်မျိုးတွေ နောက်ထပ်မဖြစ်ပွားရအောင် ကြိုတင်ကာကွယ်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေကို တိုးမြင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကတိပြုပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
RFA

No comments:
Post a Comment