တရုတ် - မြန်မာ နဲ့ ဆက်စပ်တဲ့သတင်းတွေကို စုစည်းတာဖြစ်ပါတယ်။ သတင်းစကားပါးချင်ရင် burmabornchinese2015@gmail.com သို့ ဆက်သွယ်နိုင်ပါတယ်။
Monday, May 18, 2015
ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် TNLA(ပလောင်)အဖွဲ့  ဒုတိယအကြိမ် ငွေကြေးကောက်ခံ
18-5-2015
၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက် နံနက် ၇ နာရီခန့် တွင် လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့  နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် နမ့်မွှေးကျေးရွာကြား၊ ပန်ဂျရော့ကုန်းဆင်းအနီးတွင် TNLA (ပလောင်) အဖွဲ့ မှ အင်အား ၆၀ ဦးခန့် သည် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များအား ၂၂ ဘီး တစ်စီးလျှင် ၅ သိန်းကျပ်နှူန်း၊ ၆ ဘီးယာဉ်တစ်စီးလျှင် ၂ သိန်းကျပ်နှူန်း၊ အငှားယာဉ်တစ်စီးလျှင် ၂၀၀၀၀ ကျပ် နှူန်း ကောက်ခံလျက်ရှိပြီး ယခင်ကောက်ခံပြီးသား ကားများကို တစ်စီးလျင် ကျပ် ၅၀၀၀ နှူန်း ကောက်ခံလျက် ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသူ လားရှိုးမြို့ ခံတစ်ဦးက မေလ ၁၈ ရက် နေ့လယ်ပိုင်းတွင် Oriental News သို့ပြောသည်။
ကျွန်တော်မနေ့ က မူဆယ်ကိုရောက်တယ်။ အခုမနက် လားရှိုးပြန်မယ်ဆိုတော့ ၁၀၅ မိုင်ကို ကျော်မရဘူး။ ဒီမှာပဲ သက်ဆိုင်ရာကတားထားတယ်။ လမ်းမှာ TNLA နဲ့ တပ်မတော် တိုက်ပွဲဖြစ်နေတယ်လို့  ကြားတယ်။ အခြေအနေ မကောင်းရင် မူဆယ်ပဲပြန်အိပ်တော့မယ်ဟု လားရှိုးမြို့ မှ မူဆယ်မြို့ သို့ ရောက်ရှိနေသော ခရီးသည်တစ်ဦးက ပြောသည်။
ပြည်ထောင်စုလမ်းမပေါ်တွင် ငွေကြေးကောက်ခံနေသော TNLA(ပလောင်)အဖွဲ့ နှင့် နမ့်ဖတ်ကာနယ်မြေခံတပ်ရင်း ဖြစ်သော အမှတ် (၁၂၃) ခြေလျင်တပ်ရင်းတို့  ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယခု ညနေပိုင်း ၃း၃၀ အချိန်အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်းသိရသည်ဟု ကွတ်ခိုင်မြို့ခံတစ်ဦးကပြောသည်။
TNLA(ပလောင်)အဖွဲ့ သည် ပြည်ထောင်စုကားလမ်းမကြီးတွင်
ငွေကြေးကောက်ခံသည်မှာ ဒုတိယအကြိမ်ဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့ ကလည်း ဖော်ပြပါနေရာတွင်ပင် ဖော်ပြပါအတိုင်း ငွေကြေးကောက်ခံခဲ့သေးသည်ကြောင်း ခရီးသည် များကပြောသည်။
ပြည်ထောင်စုလမ်းပေါ်တွင်ငွေကြေးကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍ TNLA အဖွဲ့ထံ ဆက်သွယ်မေးမြန်းသော်လည်းဆက်သွယ်၍ မရခဲ့ပေ။
မာန်ဟုန်ချီ ၊ အောင်ခန့်မော် ( Oriental News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment