" ၀ " ခေါင်းဆောင် ၈ ဦးကို ၂၀၀၅ ခုနှစ် ဇန်န၀ါရီလမှစပြီး အမေရိကန်နိုင်ငံ နယူးယောက်အရှေ့ပိုင်းခရိုင် တရားရုံးတွင် အရှေ့တောင်အာရှ၏ အကြီးဆုံး မူးယစ်ဆေးဖြန့်ဖြူးသူများအဖြစ် သတ်မှတ်ပြီး အမှုဖွင့် အရေးယူခံထားရသူများဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေး တားဆီးထိန်းချုပ် ရေးဌာန (DEA) မှ သတင်းထုတ်ပြန်ထားသည်။
၂၀၀၄ ခုနှစ်အတွင်း ဘိန်းတန်ချိန် ၁၈၀ ထုတ်လုပ်ဖြန့်ဖြူးခြင်းအတွက် " ၀ " စစ်တပ် (UWSA) တွင်လည်း တာဝန်ရှိကြောင်း (DEA)က ကြေညာထားကြောင်း သိရသည်။
အမေရိကန်အစိုးရသည် " ၀ " တပ်မဟာ ၁၇၁ တပ်မဟာမှူးဟောင်း ဝေဆူကန် ကိုဖမ်းမိရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ နှစ်သန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်း လည်း ကြေညာထားသည်။
၎င်းမူးယစ်ဆေးအမှုဖြင့် တရားစွဲဆိုခြင်း ခံရသူများအနေဖြင့် ဖမ်းဆီးခံရပါက အနိမ့်ဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ နှင့် ငွေဒဏ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ လေးသန်း ပြစ်ဒဏ်ကျခံနိုင်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
No comments:
Post a Comment