ယခု ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံ၏ ဆန် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှုသည် နှစ်ပေါင်း ၅ဝ အတွင်း ပမာဏ အများဆုံး စံချိန်တင် တင်ပို့ရောင်းချ နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်မှ သိရသည်။
အထွေထွေအတွင်းရေးမှူးဖြစ် သူ ဒေါက်တာစိုးထွန်းက ”တရုတ် နိုင်ငံက ဆန်စပါးဝယ်လိုအား မြင့် တက်လာတာလည်း ပါတယ်။ နိုင်ငံ ပေါင်း ၆၄ နိုင်ငံကို ကျွန်တော်တို့ တင်ပို့ခဲ့ပါတယ်။ အဲဒီမှာ တရုတ် နိုင်ငံကို တင်ပို့ရောင်းချခဲ့တာက စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်း၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသ၃ သန်းဖိုးဖြစ်ပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်မှာ အမေရိကန်၊ တောင်အာဖရိက၊ ဥရောပသမဂ္ဂ၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ နှစ်သန်းနီးပါး တင်ပို့ ရောင်းချနိုင်ခဲ့ကြသည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ သန်းနှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်၌ ၁ ဒသမ ၈ သန်းခန့် တင်ပို့ ရောင်းချနိုင်ခဲ့ကြပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင် တန်ဖိုး အမေရိကန် ဒေါ်လာ နှစ်သန်းဖိုးခန့် တင်ပို့ ရောင်းချနိုင်ရန် ဆက်လက်လျာထား သည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ် ငန်းရှင်များအဖွဲ့ချုပ်၏ စစ်တမ်းများ အရ သိရသည်။
”ဈေးကွက်ဖွံ့ဖြိုးလာတာနဲ့အမျှ ဈေးကောင်းရရှိကြမှာ ဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေအတွက် အကျိုးပိုရှိလာပါလိမ့်မယ်။ ဒါပေ မယ့် ဆန်စပါး မျိုးကောင်းမျိုးသန့် တွေ စိုက်ပျိုးနိုင်ဖို့၊ အဆင့်မြင့် ကြိတ် ခွဲဆန်စက်တွေ ဖြစ်ထွန်းလာဖို့နဲ့ ဈေးကွက်ကောင်းတွေမှာ တရားဝင် ဆန်တင်ပို့နိုင်ဖို့ကို အစိုးရရဲ့ အကူ အညီနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တွေက ပူးပေါင်းဆောင်ရွက်ကြဖို့ လည်း လိုအပ်ပါတယ်” ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးဆန်ဈေးကွက်တစ်ခုဖြစ် သည့် တရုတ်နိုင်ငံသို့ ဆန်များတင် ပို့ရောင်းချနေရာတွင် မြန်မာနိုင်ငံ ဘက်မှသာ တရားဝင်တင်ပို့ရောင်း ချနေခြင်းဟု သတ်မှတ်ထားသော် လည်း တရုတ်နိုင်ငံဘက်မှ တရား မဝင်ဝယ်ယူခြင်းများကိုသာ တောက် လျှောက်ပြုခဲ့ကြသည်ဟုလည်း သိရ သည်။ ထို့ကြောင့် မြန်မာ့လယ်ယာ စီးပွားရေး ကော်ပိုရေးရှင်းအနေဖြင့် ယခုမေလအတွင်း ဆန်တန်ချိန် ၃,ဝဝဝ ခန့်အား နှစ်ဖက်အစိုးရဌာနများ အချင်းချင်း တရားဝင်အသိအမှတ် ပြုရောင်းဝယ်ကာ တင်ပို့သွားမည် ဖြစ်သည်။
ထို့ပြင် ၂ဝ၁၅ ခုနှစ် အတွင်း ယခုကဲ့သို့ တရားဝင်ဆန် တင်ပို့ရောင်းဝယ်ခြင်းအား တန်ချိန် နှစ်သိန်းခန့် တင်ပို့နိုင်ရန် မျှော်မှန်း ထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်မှ သိရသည်။ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ဆန်တန်ချိန် လေးသန်းကျော် စိုက် ပျိုးထုတ်လုပ်နိုင်ပြီး ပြည်ပသို့လည်း တန်ချိန် တစ်သန်းခွဲဝန်းကျင် တင်ပို့ ရောင်းချနေရသည်။ ဤတွင် စုစု ပေါင်း ပြည်ပတင်ပို့ရောင်းချမှု၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ တရုတ်ဈေးကွက် သို့ တင်ပို့ရောင်းချနေရသည်ဟု သိရသည်။
ပြည်တွင်း ဆန်စပါးဈေးကွက် အားဖြင့် သိသာစွာ ဈေးကွက် ပြောင်းလဲခြင်းမျိုး ဖြစ်ပေါ်ခြင်းမရှိဘဲ သင်္ကြန်ကာလနောက်ပိုင်းတွင် ဒေါ်လာဈေး အနည်းငယ်မြင့်တက် လာခြင်းနှင့် ကုန်တက်လျော့နည်း နေချိန်တွင် ဝယ်လိုအားနှင့် မမျှတ ခြင်းတို့ကြောင့် အခြားစားသောက် ကုန်ခြောက်များနှင့်အတူ အနည်း ငယ် ဈေးတက်လာခြင်းသာရှိသည် ဟု ဘုရင့်နောင်ကုန်စည်ဝင်းအတွင်း မှ သိရသည်။
ဇော်ဦး
The Trade TImes
No comments:
Post a Comment