Sunday, May 31, 2015

ဆန်တန်ချိန်သုံးထောင် ပင်လယ်ရေကြောင်းမှ တရုတ်သို့ တင်ပို့မည်

မောင်တာ
Sat, 2015-05-30
...
မြန်မာ့ဆန်တန်ချိန် သုံး ထောင်ခန့်ကို လာမည့်ဇွန်လဆန်း တွင် ပင်လယ်ရေကြောင်းမှတစ် ဆင့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့တော့မည် ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီး ဆန်စပါးဖွံ့ဖြိုးရေးကုမ္ပဏီမှသတင်းရရှိသည်။

တရုတ်နိုင်ငံက တစ်နှစ်လျှင် မြန်မာ့ဆန်တန်ချိန် တစ်သန်းခန့် တရားဝင် ၀ယ်ယူမည်ဖြစ်ပြီး ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် သုံးထောင် စတင်တင်ပို့ရောင်းချခြင်းဖြစ်သည်။

ယခုနှစ်ဆန်းကတည်းက ဆန်စတင် တင်ပို့နိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ဆန်အရည်အသွေးနှင့် ဈေးနှုန်းညှိနှိုင်းနေခဲ့ရပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံမှ အရည်အသွေး စစ်ဆေးသည့်အဖွဲ့များ လာရောက်စစ်ဆေးပြီးနောက် စတင် တင်ပို့နိုင်ခြင်းဖြစ် သည်ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါးဖွံ့ဖြိုးရေးကုမ္ပဏီ (MRDC)မှ ဒါရိုက်တာအဖွဲ့ဝင် ဦးမိုက်ကပြောကြားသည်။


‘‘၂၅ မှတ် ဆန်တစ်တန်ကို ဒေါ်လာ ၃၃၀ ခန့် ဈေးနဲ့ ပို့မယ်။ စမ်းပို့တဲ့ သဘောပါပဲ။ လက်ရှိ ပေါက်ဈေးအရဆိုရင်တော့ ဈေး သိပ်မကိုက်ဘူး။ ရှုံးတယ်’’ဟု ဦး မိုက်က ဆိုသည်။
ကနဦးတင်ပို့မည့် ဆန်တန် ချိန် သုံးထောင်ကို မြန်မာ့လယ် ယာစီးပွား အများပိုင်ကော်ပိုရေး ရှင်း (MAPCO) မှ တာဝန်ယူတင် ပို့မည် ဖြစ်သည်။ တစ်လလျှင် ဆန်တန်ချိန် တစ်သိန်းခန့် တင်ပို့နိုင်ရန် နှစ်နိုင်ငံ သဘောတူညှိနှိုင်းထားသော်လည်း တရုတ်နိုင်ငံက အရည်အသွေးစစ်ဆေးသည့် အဖွဲ့များ မြန်မာနိုင်ငံအတွင်း ရုံးခန်းလာရောက်ဖွင့်လှစ်ပြီးမှသာ ယင်းသို့ တင်ပို့နိုင်မည်ဟုဆိုသည်။

မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င်ဆန်တင်ပို့မှုမြင့်တက်လာနေပြီး တစ်နေ့လျှင် ဆန်တန်ချိန် သုံးထောင်နှင့် ငါးထောင်ကြား တင်ပို့မှုရှိနေသည်ဟု မန္တလေးမြို့ခံ ဆန်ကုန်သည်များက ပြောသည်။
တရုတ်ယွမ်ငွေဈေး မြင့်တက်ခြင်းနှင့်အတူ ဆန်ဈေးမြင့်တက်လာမှုကြောင့် နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တရားမ၀င် ဆန်တင်ပို့သူများ အကျိုးအမြတ်များပြားနေသည်ဟု ဆန်ကုန်သည်များက ဆိုသည်။

7Days

No comments:

Post a Comment