Friday, May 22, 2015

SSPP/SSA အဖွဲ့မှ မူဆယ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးငွေ ၁၀ သိန်း ကောက်ခံ

22.5.2015

SSPP/SSA အဖွဲ့သည် မေလ ၁၉ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များအား ဆက်ကြေးငွေ ခြိမ်းခြောက်ကောက်ခံခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သတင်းရရှိ သည်။


 “ မြို့ပေါ်က စီးပွားရေး လုပ်ငန်းရှင်တွေအားလုံးကို အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ဆက်ကြေး ကောက်သွား တာ၊ ခုတိုက်ပွဲတွေဖြစ်နေတာ ပေးရတဲ့ပမာဏက ၁၀ သိန်း တောင်ဆိုတော့ များတာပေါ့၊ သူတို့အဖွဲ့တွေ ဒီလိုပဲ အမြဲတမ်း တောင်းနေတာ၊ မပေးရင် ဖမ်းပြီးနှိပ်စက်၊ သေနတ်နဲ့ပစ်၊ မိုင်းခွဲတာတွေလုပ်တော့ ဒီက စီးပွားရေး သမားတွေ သူတို့တောင်းရင် မပေးဘဲမနေရဲဘူး ” ဟု မူဆယ်မြို့မှ အလုပ်သမားတစ်ဦးကဆိုသည်။

အဆိုပါအဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ် အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီး နောက်ပိုင်းတွင် တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းတို့အဖွဲ့ ရပ်တည်ရေးအတွက် စီးပွားရေး လုပ်ငန်း ရှင်များထံမှ မကြာခဏဆိုသလို ဆက်ကြေးတောင်းခံမှုများ ပြုလုပ်လာ ကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူ သတင်းထောက်တစ်ဦးမှ ပြောသည်။

“ ကျွန်တော်အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်အားလုံးကို ကောက်သွားတယ်၊ အုပ်ချုပ်ရေးမှူုးဆီကို သွားပေးရတာ၊ အရင်တုန်းကလဲ သိန်း ၂၀ ပေးရတယ်၊ ခုက တိုက်ပွဲတွေ ဖြစ်နေတော့ စီးပွားရေးက အဆင်မပြေဘူး၊ ၁၀ သိန်း တောင်ပေးလိုက်ရတာဆိုတော့ တော်တော်များတာပဲ၊ မပေးရင်လည်း လာဖမ်းပြီးချုပ်ထားတာ၊ အရင်တုန်း ကလည်း အဲလိုဖြစ်ပြီးပြီ၊ လုပ်ငန်းကလည်း မပြီးသေးဘူးဆိုတော့ သူတို့အဖွဲ့တောင်းတဲ့ ဆက်ကြေးငွေပေးလိုက် ရတာပေါ့၊ မပေးရင် အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်လေ” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

စိုင်းသာထူး
ShanNews

No comments:

Post a Comment